Microsoft ဟာ လာမယ့် စက်တင်ဘာလ ၂၂ ရက်နေ့မှာ Microsoft Surface Product အသစ်တွေကို မိတ်ဆက်သွားမယ့် Event တစ်ခုကို ပြုလုပ်သွားမှာဖြစ်ပါတယ်။ လက်ရှိသိထားရတဲ့သတင်းတွေအရတော့ Surface Duo 2 Foldable ဖုန်းထက် Surface ကွန်ပျူတာအသစ်တွေကို မိတ်ဆက်သွားနိုင်ခြေများနေပါတယ်။

အခုလိုမျိုး Event မပြုလုပ်ခင် ရက်ပိုင်းအလိုမှာ Microsoft ရဲ့ Tablet ကွန်ပျူတာဖြစ်တဲ့ Surface Pro 8 ရဲ့ Design နဲ့ Specification အချို့က ထွက်ပေါ်လာပြီဖြစ်ပါတယ်။ ဒါကိုတော့ Leaker တစ်ဦးဖြစ်တဲ့ Shadow_Leak ကနေ Twitter Account မှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။ အဆိုပါ ဓါတ်ပုံဟာ တရုတ်နိုင်ငံအတွင်းမှာရှိတဲ့ Retail အတွက် ကြော်ငြာဓါတ်ပုံတစ်ပုံဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ ဓါတ်ပုံအရတော့ Microsoft Surface Pro 8 မှာ Display ကို ဘေးဘောင်တွေအလွန်ပါးလွှာအောင် ပြုလုပ်ထားပြီး Screen Size ကိုလည်း 12.3″ ကနေ 13″ ကို တိုးမြှင့်ထားမှာဖြစ်ပါတယ်။ နောက်ထပ်သိသာတဲ့အဆင့်မြှင့်တင်မှုတစ်ခုကတော့ Refresh Rate ကို 60Hz ကနေ 120Hz အထိ တိုးပေးလိုက်မှာဖြစ်ပါတယ်။ ဒါက Apple iPad Pro တွေနဲ့ တူညီသွားပြီဖြစ်သလို Microsoft Surface Product တွေထဲမှာ ပထမဆုံးအနေနဲ့ 120Hz Display ကို အသုံးပြုလာတာလည်း ဖြစ်ပါတယ်။

နောက်ထပ် ပြောင်းလဲမှုတွေထဲမှာ USB-A Port အစား Thunderbolt ကို Support ပေးထားတဲ့ USB-C ၂ ပေါက်နဲ့အစားထိုးသွားမှာဖြစ်ပါတယ်။ Thunderbolt Support ဟာလည်း Microsoft Surface Product တွေထဲမှာ တောင်းဆိုမှုများပြားတဲ့ Feature တစ်ခုဖြစ်ပါတယ်။

ကျန်တဲ့ Specification တွေအနေနဲ့ကတော့ Intel ရဲ့ 11th Generation Processor နဲ့ Windows 11 ကို အသုံးပြုပြီး မိတ်ဆက်လာမှာဖြစ်ပြီး ယခင် Microsoft Surface Pro လိုမျိုးပဲ SSD ကို Upgrade ပြုလုပ်နိုင်စေမှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် Microsoft ဟာ Surface Pro Series ကို အခုလိုမျိုး Design ပိုင်းပြောင်းလဲခြင်းမရှိတာ အချိန်ကြာလှပြီဖြစ်တာကြောင့် Surface Pro 8 ဟာ ကြီးမားတဲ့အဆင့်မြှင့်တင်မှုတစ်ခုဖြစ်လာမှာပါ။

Ref – The Verge