ဆွီဒင်မှ Karolinska Institutet မှ သိပ္ပံပညာရှင်တွေက ကျန်းမာတဲ့ ဆဲလ်တွေကို မထိခိုက်စေဘဲ ကင်ဆာ ဆဲလ်တွေကို သတ်ပေးနိုင်တဲ့ အလွန်သေးငယ်တဲ့ စက်ရုပ်တွေကို တီထွင်လိုက်ပါတယ်။

SWEDISH SCIENTISTS DEVELOP NANOROBOTS THAT TARGET AND KILL CANCER CELLS –  The Premier Hub for News, Lifestyle, and Entertainment among African  Diaspora

အမိုင်နို အက်ဆစ်နဲ့ DNA ကနေ ဖန်တီးထားတဲ့ စက်ရုပ်လေးတွေကို စမတ်ကျတဲ့ ဒုံးကျည်လို ဖန်တီးထားတာ ဖြစ်ပြီး ကင်ဆာ အကျိတ်တွေကို တိကျစွာ ဖျက်ဆီးနိုင်ပါတယ်။ အဲဒီ သုတေသန အဖွဲ့ရဲ့ ခေါင်းဆောင် ပါမောက္ခ Bjorn Hogberg ဟာ နှစ်များစွာကြာ DNA Origami နည်းပညာကို တီထွင်နေတာ ဖြစ်ပါတယ်။ ဒီနည်းပညာက DNA ကို ဆေးဝါး သယ်ဆောင်နိုင်တဲ့ ပုံသဏ္ဍာန် အဖြစ်ဖန်တီးနိုင်ပါတယ်။

Cancer Tumors Killed by Nanorobots

အရွယ်သေး စက်ရုပ်တွေဟာ လက်နက် ထည့်ထားတဲ့ ဘူးနဲ့ တူညီပါတယ်။ ကင်ဆာ ဆဲလ်တွေကို တွေ့ရင် ဘူးကို ဖွင့်ပြီး လက်နက်နဲ့ ဖျက်ဆီးနိုင်ပါတယ်။ ဒီနည်းပညာက ကိုယ်ခန္တာ တစ်ခုလုံးကို ထိခိုက်စေပြီး ဘေးထွက်ဆိုးကျိုးများတဲ့ chemotherapy ကုထုံးထက် အလွန် ဘေးကင်းပါတယ်။

ပညာရှင်တွေက ရင်သား ကင်ဆာ ရှိတဲ့ ကြွက်တွေထဲကို စက်ရုပ်လေးတွေကို ထိုးသွင်းကြည့်တဲ့အခါမှာ ရလဒ်က အထင်ကြီးစရာကောင်းပါတယ်။ ကြွက်တွေမှာ ကင်ဆာ အကြိတ်ဟာ ၇၀ ရာခိုင်နှုန်း လျော့ကျသွားပါတယ်။ ပညာရှင်တွေက ဒီနည်းလမ်းဟာ ကင်ဆာ ဖြစ်နေတဲ့ လူသားတွေကို အနာဂတ်မှာ ကုသပေးနိုင်မယ်လို့ ယုံကြည်ထားကြပါတယ်။

Ref : myelectricsparks