ဆွစ်ဇာလန်ဟာ သန့်ရှင်းတဲ့ စွမ်းအင်ကို ပြောင်းလဲ အသုံးပြုဖို့ ကြိုးစားနေပြီး ကမ္ဘာ့ ပထမဆုံး အနေနဲ့ တည်ရှိပြီးသား ရထားလမ်းတွေမှာ Solar Panel တွေကို တပ်ဆင်မှာ ဖြစ်ပါတယ်။
တည်ထောင်ခါစ ကုမ္ပဏီငယ် ဖြစ်တဲ့ Sun-Ways နဲ့ EPFL , The Swiss Federal Technology Institute တို့ ပူးပေါင်း ဖန်တီးထားတာ ဖြစ်ပြီး ဒီ ထူးခြားဆန်းသစ်တဲ့ စနစ်ကို ၂၀၂၅ ခုနှစ်က စတင်ကာ Neuchatel မှ ရထားလမ်းမှာ စမ်းသပ်တပ်ဆင်မှာ ဖြစ်ပါတယ်။ အဲဒီ Solar Panel တွေဟာ ရထားလမ်းမှာ လွယ်ကူစွာ ဖြုတ်တပ်နိုင်အောင် ဖန်တီးထားတာ ဖြစ်ပါတယ်။
ရထားလမ်းလို တည်ရှိပြီးသား အခြေခံ အဆောက်အဦးတွေကို အသုံးပြုခြင်းဖြင့် နေရောင်ခြည် စွမ်းအင် ထုတ်လုပ်တဲ့အတွက် ဒီစီမံကိန်းဟာ အလားအလာကောင်းများစွာ ရှိပါတယ်။ နေရာ အသစ်တွေ မလိုအပ်တဲ့အတွက် သဘာဝပတ်ဝန်းကျင်နဲ့ သဟဇာတ ဖြစ်ပါတယ်။ ရထားလမ်းတွေကနေ လျှပ်စစ် စွမ်းအင် အမြောက်အများ ထုတ်လုပ်နိုင်မှာ ဖြစ်ပါတယ်။
ကမ္ဘာ့ ရာသီဥတု ပြောင်းလဲမှုကို လျှော့ချဖို့အတွက် ကမ္ဘာအဝန်းမှာ လောင်စာဆီ အစား နေရောင်ခြည်လို သန့်ရှင်ပြီး ရေရှည်တည်တန့်တဲ့ စွမ်းအင်ကို အသုံးပြုလာကြပါတယ်။ ဆွစ်ဇာလန် နိုင်ငံကတော့ ရထားလမ်းတွေမှာ Solar Panel တွေ တပ်ဆင်ခြင်းဖြင့် နေရောင်ခြည် စွမ်းအင်ကို အများအပြား ထုတ်လုပ်တော့မယ့် ရှေ့ဆောင်လမ်းပြ နိုင်ငံ ဖြစ်လာပါတယ်။
Ref : Startup Dubai