ဆွစ်ဇာလန် နာရီထုတ်လုပ်သူ TAG Heuer က NFT ထောက်ပံ့တဲ့ တန်ဖိုးကြီး စမတ်နာရီ အသစ် ၁ လုံးကို ကြေညာလိုက်ပါတယ်။ အဲဒီ နာရီကို TAG Heuer က Clone-X ၊ Bored Ape Yacht Club ရဲ့ NFT Community တို့နဲ့ ပူးပေါင်း ဖန်တီးထားတာပါ။ နာမည်က TAG Heuer Connected Calibre E4 ဖြစ်ပြီး ရိုးရိုး Calibre E4 ကို အဆင့်မြှင့်ထားတာပါ။

Tag Heuer Calibre E4 NFT

TAG Heuer connected Calibre E4 NFT Version မှာ NFT တွေကို ပြသနိုင်ပြီး Crypto Wallet များစွာနဲ့ ချိတ်ဆက်နိုင်ပါတယ်။ စမတ်ဖုန်းနဲ့ စမတ်နာရီကို ချိတ်ဆက်ကာ NFT တွေကို ပေးပို့နိုင်ပါတယ်။ ရုပ်သေနဲ့ Animated NFT တွေကို နာရီမှာ ပြသနိုင်ပြီး NFT များစွာကို တစ်ပြိုင်နက်ထဲ နာရီသို့ ပေးပို့နိုင်ပါတယ်။ NFT Artwork ရဲ့ အရွယ်အစားကို ချိန်ညှိနိုင်ပြီး ဒီဇိုင်း ၃ ခုနဲ့ ပြသနိုင်ပါတယ်။

TAG Heuer Calibre E4 နာရီမှာ ရုပ်သေနဲ့ Animated GIFs NFT တွေကို ထောက်ပံ့ထားပါတယ်။  NFT တွေကို Watch Face အနေနဲ့ အသုံးပြုနိုင်ပြီး Blockchain နဲ့ ချိတ်ဆက်နိုင်ကာ NFT ပိုင်ဆိုင်သူကို သက်သေခံနိုင်ပါတယ်။ သက်သေခံထားတဲ့ NFT တွေကို Hexagon နဲ့ ပြသထားတယ်လို့ TAG Heuer က ပြောပါတယ်။ User တွေဟာ NFT Support ရရှိဖို့ စမတ်နာရီကို Update လုပ်နိုင်ပါတယ်။

Tag Heuer Adds Support for NFT Watchfaces for 'Connected Calibre E4' Smartwatch - Realtimeindia

Calibre E4 User တွေအတွက် အခမဲ့ Update ကို Apple App Store နဲ့ Google Play Store တို့ကနေ ရယူနိုင်ပါတယ်။ TAG Heuer ဟာ စီမံကိန်းများစွာကနေ Blockchain ထောက်ပံ့မှုကို တိုးချဲ့ပေးနေပါတယ်။ ပြီးခဲ့တဲ့ လက TAG Heuer ဟာ Bitcoin နဲ့ တခြား Crypto ၁၁ ခုနဲ့ ငွေပေးချေတာကို လက်ခံခဲ့ပါတယ်။

Ref : gizmochina