TCL က ဧပြီလမှာ 10 Pro နဲ့ 10L ကို ကြေညာခဲ့ပြီး ဒီလ အစောပိုင်းမှာ ရောင်းချခဲ့ပါတယ်။ အဲဒီဖုန်းတွေဟာ တရုတ်ပြင်ပအတွက် ရည်ရွယ်ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ TCL ဟာ Alcatel နဲ့ BlackBerry စမတ်ဖုန်းတွေ ထုတ်လုပ်ရောင်းချနေတာ နှစ်များစွာကြာပြီ ဖြစ်ပေမယ့် အနောက်နိုင်ငံတွေက TCL ကို မသိကြပါဘူး။

10 Pro နဲ့ 10L တို့ဟာ စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းတွေ မဟုတ်ဘဲ TCL ဟာ HMD Global က Nokia ဖုန်းတွေ ပြန်လည်ရောင်းချတဲ့ နည်းဗျူဟာ အတိုင်း ပြုလုပ်နေတာ ဖြစ်ပြီး စွမ်းဆောင်ရည်သင့် စမတ်ဖုန်းတွေနဲ့ အရင်ထိုးဖောက်နေပါတယ်။ ဒီနေ့ခေတ်မှာ ‌ဈေးချိုတဲ့ စမတ်ဖုန်းတွေအတွက် Software Update ဖြန့်ချိပေးဖို့ အရေးကြီးလာပါတယ်။

အဲဒီအတွက် TCL ဟာ 10 Pro နဲ့ 10L အတွက် နောက်မျိုးဆက် Android Update ကို ၁ ကြိမ်တော့ အနည်းဆုံး ထည့်သွင်းပေးမှာ ဖြစ်သလို ၂ နှစ်ကြာ Security Update ကို ဖြန့်ချိပေးမှာ ဖြစ်ပါတယ်။ ၂ လပြည့်တိုင်း ၁ ကြိမ် Security Update ရကြမှာပါ။  အဲဒီအတွက် စမတ်ဖုန်း ၂ လုံးဟာ Android 11 ရရှိကြမှာ ဖြစ်ပြီး ကုမ္ပဏီက Android 11 ဖြန့်ချိမယ့် အချိန်ကို မပြောသေးပါဘူး။

နောက်မျိုးဆက် Android Update ကို ၁ ကြိမ်တော့ အနည်းဆုံး ထည့်သွင်းပေးမယ်လို့ ပြောထားပေမယ့် ၂ ကြိမ်လည်း ဖြစ်သွားနိုင်ပါတယ်။ အဲဒီအတွက် အဲဒီဖုန်းတွေဟာ Android 12 ကိုလည်း ရသွားနိုင်ပါတယ်။

Ref : gsmarena