Tecno POP 6 ကို ကြေညာလိုက်ပြီး ဇူလိုင်လက မိတ်ဆက်ခဲ့တဲ့ Tecno POP 5 ရဲ့ မျိုးဆက်သစ် ဖြစ်ပါတယ်။ Tecno POP 6 မှာ ၆.၁ လက်မ IPS LCD HD+ မျက်နှာပြင် တပ်ဆင်ထားပြီး အရွယ်သေး Notch မှာ 5MP ဆဲလ်ဖီးကင်မရာ ထည့်သွင်းထားပါတယ်။ အနောက်ဘက်မှာ 5MP ကင်မရာ ၂ လုံးကို LED Flash ၁ လုံးနဲ့ ပူးတွဲထားပါတယ်။

POP 6 မှာ Quad-core 1.3GHz Processor မောင်းနှင်ထားပြီး 3GB RAM နဲ့ 32GB Internal Storage ထည့်သွင်းထားကာ Storage ကို တိုးမြှင့်ချင်ရင် microSD Card စိုက်နိုင်ပါတယ်။

အရွယ်ကြီး 5,000mAh ဘက်ထရီ ပါလာတာက ကောင်းပေမယ့် microUSB Port ပဲ တပ်ဆင်ထားတာက အားနည်းချက် ဖြစ်ပါတယ်။ Android 11 Go Edition မောင်းနှင်ထားတဲ့အတွက် လျှင်မြန်သွက်လက်မှာ သေချာပါတယ်။ အနောက်ဘက်မှာ လက်ဗွေရာ ကိရိယာ မြှပ်နှံထားပြီး Face Unlock လည်း ထောက်ပံ့ထားပါတယ်။ Dual SIM, 4G LTE, Wi-Fi, Bluetooth 4.2, GPS နဲ့ 3.5mm Audio Jack စတဲ့ လုပ်ဆောင်ချက်တွေ ထည့်သွင်းထားပြီး အရွယ်အစား အပြည့်အစုံက 157.8 x 73.84 x 9.7mm ဖြစ်ပါတယ်။

Tecno POP 6 ကို ၁၃၀ ဒေါ်လာ(၂၄၀,၀၀၀ ကျပ် ဝန်းကျင်) သတ်မှတ်ထားပြီး Sea Blue, Sky Blue နဲ့ Lime Green ၃ ရောင် ထုတ်လုပ်ထားပါတယ်။ နိုင်ဂျီးရီးယားမှာ ရောင်းချပေးလိုက်ပြီ ဖြစ်ပြီး တခြား နိုင်ငံတွေမှာ ရောင်းချမယ့် သတင်းကို မသိရသေးပါဘူး။

Ref : gizmochina