Tecno က အိန္ဒိယမှာ Pova 6 Neo 5G ကို ကြေညာလိုက်ပြီး တန်ဖိုးနည်းပေမယ့် တချို့ Specs တွေက ကောင်းမွန်ပါတယ်။

Tecno Pova 6 Neo 5G မှာ 6.67” LCD HD+ Display တပ်ဆင်ထားပြီး 120Hz Refresh Rate ထောက်ပံ့ထားပါတယ်။ MediaTek Dimensity 6300 SoC မောင်းနှင်ထားပြီး 8GB RAM နဲ့ 256GB Storage အထိ ထည့်သွင်းထားပါတယ်။ 1TB microSD Card စိုက်နိုင်ပါတယ်။ 18W Wired Charging ထောက်ပံ့တဲ့ 5,000mAh Battery ပါလာပါတယ်။

ကင်မရာ အကြောင်းပြောရရင် အနောက်ဘက်မှာ 108MP နဲ့ အပို ကင်မရာ ၁ လုံး ၊ LED Flash ထည့်သွင်းထားပြီး ဆဲလ်ဖီး ကင်မရာက 8MP ဖြစ်ပါတယ်။ IP54 ရေစိုခံစံနှုန်း ထည့်သွင်းထားပြီး ဘေးဘက်လက်ဗွေရာ ကိရိယာ တပ်ဆင်ထားပါတယ်။ AI Cutout, AI Magic Eraser , AI Wallpaper တို့လို AI Features တွေ ပါလာပါတယ်။

Tecno Pova 6 Neo 5G အတွက် Midnight Shadow, Azure Sky နဲ့  Aurora Cloud အရောင်‌တွေ ထုတ်လုပ်ထားပါတယ်။ 6/128GB ကို ၁၃,၉၉၉ ရူပီး၊ 8/256GB ကို ၁၄,၉၉၉ ရူပီး သတ်မှတ်ထားပါတယ်။ ဒီလ ၁၄ ရက်နေ့ အိန္ဒိယမှာ ရောင်းမှာပါ။

Ref : gizmochina