Tecno Spark 20 Pro 5G ကို အိန္ဒိယမှာ ကြေညာလိုက်ပြီး Startrail Black နဲ့ Glossy White အရောင်တွေ ထုတ်လုပ်ထားပါတယ်။ 8/128GB နဲ့ 8/256GB Version တွေ ထုတ်လုပ်ထားပြီး ၁၉၀ ဒေါ်လာနဲ့ ၂၀၅ ဒေါ်လာ အသီးသီး သတ်မှတ်ထားပါတယ်။ အိန္ဒိယမှာ အွန်လိုင်းနဲ့ မြေပြင်စတိုးတွေကနေ စတင် ရောင်းချပေးလိုက်ပါပြီ။

Tecno Spark 20 Pro 5G launched in India

Tecno Spark 20 Pro 5G မှာ Dimensity 6080 Chip မောင်းနှင်ထားပြီး Android 14 အခြေပြု HiOS 14 ထည့်သွင်းထားပါတယ်။ 6.78” 120Hz FullHD+ LCD Display တပ်ဆင်ထားပြီး 33W Charging ပါတဲ့ 5,000mAh Battery ပါပါတယ်။

Tecno Spark 20 Pro 5G With 120Hz Display, Dimensity 6080 Launched In India - Gizmochina

Tecno Spark 20 Pro 5G ရဲ့ အနောက်ဘက်မှာ 108MP Main , 2MP Macro ကင်မရာ ၂ လုံးနဲ့ အရှေ့ဘက်မှာ 8MP ဆဲလ်ဖီး ကင်မရာ ၁ လုံး ပါပါတယ်။ စတီရီယို စပီကာတွေနဲ့ ဘေးဘက်လက်ဗွေရာ ကိရိယာ တပ်ဆင်ထားပြီး IP53 ရေစိုခံစံနှုန်း ပါပါတယ်။

Ref : gsmarena