Tecno Spark 20 Pro ကို တရားဝင် ကြေညာလိုက်ပြီး ဈေးနှုန်းချိုသာကာ Specs တွေ ကောင်းမွန်ပါတယ်။ အနောက်ဘက်ကို သားရေနဲ့ ပြုလုပ်ထားတဲ့ မော်ဒယ်ကိုလည်း ထုတ်လုပ်ပေးထားပါတယ်။

Tecno Spark 20 Pro 5G official with vegan leather back and 108MP main camera

အဲဒီဖုန်းမှာ 6.78” FHD LCD Display တပ်ဆင်ထားပြီး 120Hz Refresh Rate ထောက်ပံ့ထားပါတယ်။ Dimensity 6080 Chipset မောင်းနှင်ထားပြီး တခြား Spark 20 Pro မော်ဒယ် ၂ လုံးရဲ့ 4G Only Helio G99 ထက် ပိုကောင်းပါတယ်။ 8GB RAM နဲ့ 256GB Storage ထည့်သွင်းထားပါတယ်။

Tecno Spark 20 Pro 5G official with vegan leather back and 108MP main camera

အနောက်ဘက်မှာ 108MP Main နဲ့ 2MP Macro ကင်မရာ ၂ လုံး၊ အရှေ့ဘက်မှာ 8MP ဆဲလ်ဖီး ကင်မရာ ၁ လုံး တပ်ဆင်ထားပါတယ်။ 33W Charging ထောက်ပံ့တဲ့ 5,000mAh Battery ပါလာပြီး Android 14 အခြေပြု HIOS 14 Operating System မောင်းနှင်ထားပါတယ်။

Startrail Black, Glossy White နဲ့ Neon Green အရောင်တွေ ထုတ်လုပ်ထားပြီး Neon Green က သားရေ မော်ဒယ် ဖြစ်ပါတယ်။ ကျန်တဲ့ ၂ လုံးရဲ့ အနောက်ဘက်က တောက်ပြောင်တဲ့ ဒီဇိုင်း ဖြစ်ပါတယ်။ ဒီလ ၂၀ ရက်နေ့ ဆော်ဒီအာရေးဗီးယားမှာ စတင် ရောင်းချမှာ ဖြစ်ပြီး တန်ဖိုးအနည်းဆုံး မော်ဒယ်ကို ၁၉၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။ နိုင်ငံအလိုက် ဈေးနှုန်း ကွာခြားနိုင်ပါတယ်။

Ref : gsmarena