Tecno က နိုဝင်ဘာလမှာ Spark 20C ကို ကြေညာခဲ့ပြီး ဒီလအစောပိုင်းမှာ Spark 20 နဲ့ Spark 20 Pro ကို ချပြခဲ့ပါတယ်။ အခုတော့ Tecno Spark 20 Pro+ ကို မိတ်ဆက်လိုက်ပါတယ်။

အဲဒီဖုန်းမှာ MediaTek Helio G99 Ultimate Chipset ၊ 8GB RAM နဲ့ 256GB Storage ထည့်သွင်းထားပါတယ်။ 108MP  Main (3x In-sensor Zoom) ပါလာပြီး နောက်ထပ် ကင်မရာ ၂ လုံးရဲ့ သတင်းအချက်အလက်ကို မသိရသေးပါဘူး။ ဆဲလ်ဖီး ကင်မရာက 32MP ဖြစ်ပါတယ်။

6.78” FHD+ AMOLED မျက်နှာပြင် တပ်ဆင်ထားပြီး 120Hz Refresh Rate, 1,000 Nits Peak Brightness ထောက်ပံ့ထားပါတယ်။ မျက်နှာပြင်အောက်လက်ဗွေရာ ကိရိယာမြှုပ်နှံထားပြီး IP53 စံနှုန်းပါပါတယ်။

Spark 20 Pro+ မှာ 33W Wired Charging ထောက်ပံ့တဲ့ 5,000mAh Battery တပ်ဆင်ထားပြီး Android 14 ပါလာတာက ကောင်းပါတယ်။ Temporal Orbits, Lunar Frost, Radiant Starstream, နဲ့ Magic Skin 2.0 Green အရောင်တွေ ထုတ်လုပ်ထားပါတယ်။

Apple ရဲ့ Dynamic Island နဲ့ တူတဲ့ Tecno Dynamic Port လုပ်ဆောင်ချက် ထည့်သွင်းထားပြီး Notification , Call Information , အားသွင်းနှုန်းနဲ့ တခြားအရာတွေကို ပြသပေးနိုင်ပါတယ်။ ကုမ္ပဏီက ဈေးနှုန်းကိုတော့ မပြောသေးပါဘူး။

Ref : gizmochina