Tecno က Spark 30C ကို ကြေညာလိုက်ပါတယ်။ ပြီးခဲ့တဲ့ လက ကြေညာခဲ့တဲ့ Redmi 14C နဲ့ Specs များစွာ တူညီပြီး ပြိုင်ဖက်တွေ ဖြစ်လာကြမှာပါ။

Tecno Spark 30C is official with Helio G81 chipset, 120 Hz screen -  GSMArena.com news

Tecno Spark 30C မှာ 6.67” 720×1600 LCD Display တပ်ဆင်ထားပြီး 120Hz Refresh Rate ထောက်ပံ့ထားပါတယ်။ အနောက်ဘက်မှာ 50MP နဲ့ အရှေ့ဘက်မှာ 8MP ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားပြီး 18W Wired Charging ထောက်ပံ့တဲ့ 5,000mAh Battery ပါပါတယ်။

Tecno Spark 30C - Official with 120 Hz screen, Helio G81 chipset

အဲဒီဖုန်းမှာ MediaTek Helio G81 SoC မောင်းနှင်ထားပြီး 4/128GB, 6/128GB , 4/256GB နဲ့ 8/256GB Version တွေ ထုတ်လုပ်ထားပါတယ်။ ဘေးဘက်လက်ဗွေရာ ကိရိယာ၊ စပီကာ ၂ လုံးနဲ့ IP54 ရေစိုခံစံနှုန်း ထည့်သွင်းထားပါတယ်။

Orbit Black, Orbit White နဲ့ Magic Skin အရောင်တွေ ထုတ်လုပ်ထားပါတယ်။ Tecno က Battery ဟာ 1,000 Charging Cycles ကျော်ပြီးနောက်မှာ ပမာဏ ၈၀ ရာခိုင်နှုန်း ကျန်တယ်လို့ Tecno က ပြောပါတယ်။ ကုမ္ပဏီက ဈေးနှုန်းကို မပြောသေးပါဘူး။

Ref : gsmarena