Tecno ဟာ အခုနောက်ပိုင်းမှာ စွမ်းဆောင်ရည်ကောင်းမွန်ပြီး စျေးသက်သာတဲ့စမတ်ဖုန်းတွေကို ဆက်တိုက်မိတ်ဆက်လာတာဖြစ်ပါတယ်။ အခုလည်း Tecno Spark 6 နာမည်နဲ့ Budget ဖုန်းသစ်တစ်လုံးကို တရားဝင်မိတ်ဆက်လိုက်ပါပြီ။

Tecno Spark 6 ဖုန်းဟာ Dispaly အနေနဲ့ ကြီးမားတဲ့ 6.8″ HD+ LCD Display ကို အသုံးပြုထားသလို Selfie Camera ကိုလည်း Punch-hole Design ပြုလုပ်ပေးထားတာဖြစ်ပါတယ်။ အဲ့ဒီအတွက် တခြားသော Budget ဖုန်းတွေထက်တောင် Display Size ပိုင်းမှာ အသာရနေမှာပါ။

Performance ပိုင်းမှာကတော့ MediaTek Helio G70 Chipset ကိုပဲ အသုံးပြုထားပြီး RAM 4GB နဲ့ 64GB Storage တွေပါဝင်မှာဖြစ်ပါတယ်။ Storage ကိုတော့ MicroSD Card ကနေ တစ်ဆင့်ထပ်မံတိုးချဲ့နိုင်မယ်လို့ သိရပါတယ်။

Camera အနေနဲ့ကတော့ Quad Camera Setup ကို အသုံးပြုထားပေမယ့် Primary Sensor ပဲ 16MP ပါဝင်မှာဖြစ်ပြီး ကျန်တဲ့ Macro ၊ Depth နဲ့ AI Sensor တွေကိုတော့ 2MP Sensor တွေပဲ အသုံးပြုထားတာဖြစ်ပါတယ်။ Selfie Camera အနေနဲ့ကတော့ 8MP Sensor ကို တပ်ဆင်ပေးထားပါတယ်။

ကျန်တဲ့အချက်တွေအနေနဲ့ကတော့ Android 10 OS ကို အခြေခံထားတဲ့ HiOS 7.0 ကို အသုံးပြုထားသလို 5000mAh Battery လည်းပါဝင်မှာဖြစ်ပါတယ်။ Bluetooth Source ၃ ခုအထိကို တပြိုင်တည်းချိတ်ဆက်နိုင်တဲ့ Bluetooth Audio Share Feature လည်းပါဝင်မှာဖြစ်ပါတယ်။

Tecno Spark 6 ဖုန်းဟာ Black ၊ Blue ၊ Purple နဲ့ Orange အရောင်တွေရွေးချယ်နိုင်မှာဖြစ်ပြီး စျေးနှုန်းအနေနဲ့ကတော့ PKR 20,599 (မြန်မာငွေ ၁ သိန်း ၆ သောင်းဝန်းကျင်) ကျသင့်မှာဖြစ်ပါတယ်။

Ref – GSM Arena