Tecno ဟာ Foldable စမတ်ဖုန်း နည်းပညာမှာ နောက်ကျကျန်နေတဲ့ ကုမ္ပဏီ မဟုတ်ပါဘူး။ အရင်နှစ်က Phantom Ultimate Rollable Concept ကို ပြသခဲ့ပါတယ်။ အခုလည်း R&D ဌာနရဲ့ နောက်ဆုံးပေါ် Foldable ဖုန်း နည်းပညာကိုပြသလိုက်ပါတယ်။ အဲဒါကတော့ Phantom Ultimate 2 လို့ အမည်ပေးထားတဲ့ ၃ ခေါက်ချိုးဖုန်း နမူနာ မော်ဒယ် ဖြစ်ပါတယ်။ အဲဒီဖုန်းဟာ ဖြန့်လိုက်ရင် 10” အရွယ်အစား ရှိပါတယ်။

Tecno details Phantom Ultimate 2 tri-fold concept

လက်ရှိ Horizontal Foldable တွေဟာ စမတ်ဖုန်းနဲ့ အရွယ်သေး တက်ဘလက်တွေ အကြားမှာ ရှိပါတယ်။ ဒါပေမယ့် Phantom Ultimate 2 ကတော့ အရွယ်ကြီး တက်ဘလက်တွေကို ယှဉ်နိုင်တဲ့ ကြီးမားတဲ့ Screen ပါလာပါတယ်။ ခေါက်ချိုးထားရင် 6.48” Screen ကို သုံးနိုင်ပြီး ဖြန့်လိုက်ရင် 10” LTPO OLED 1620x2880p Display ဖြစ်သွားပါတယ်။

Tecno က Phantom Ultimate 2 ဟာ Display Driver နဲ့ Touch Sensor ကို Chip ၁ ခုထဲမှာ ထားရှိထားတဲ့ TDDI နည်းပညာပါတဲ့ ပထမဆုံး Foldable ဖြစ်တယ်လို့ ပြောပါတယ်။ Screen Hovering ကို ထောက်ပံ့ပြီး Dual Hinge Mechanism ကြောင့် ခေါက်ချိုးထားရင် အထူက ၁၁ မီလီမီတာပဲ ရှိတဲ့အတွက် အလွန် ပါးလွှာပါတယ်။ Tecno က အကြိမ် ၃၀၀,၀၀၀ ခေါက်ချိုးတာကို စမ်းသပ်ထားပါတယ်။ စမတ်ဖုန်းတွေထဲမှာ အပါးလွှာဆုံး Battery Cover ထည့်သွင်းထားပြီး ၀.၂၄ မီလီမီတာပဲ ရှိပါတယ်။

အဲဒီဖုန်းကို လက်ပ်တော့လို အသုံးပြုနိုင်အောင် ဖန်တီးထားပြီး Screen ၁ ခုကို ကီးဘုတ်လို အသုံးပြုနိုင်ပါတယ်။ 10” Screen မှာ App ၃ ၊ ၄ ခုကို တစ်ပြိုက်နက် အသုံးပြုနိုင်ပါတယ်။

Tecno က ၃ ခေါက်ချိုးဖုန်းကို ရောင်းချမယ့် အချိန်ကို မပြောသေးပါဘူး။

Ref : gsmarena