Telegram ဟာ လက်ရှိအချိန်မှာ တဖြည်းဖြည်း လူသုံးများလာတဲ့ Messaging App တစ်ခုဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်းမှာလည်း အသုံးပြုသူများပြားလာပြီး တခြားသော Facebook Messenger လိုမျိုးနဲ့ ယှဥ်ရင် တချို့သော Feature ပိုင်းတွေပိုကောင်းသလို ပိုပြီးလည်း Privacy ပိုင်းမှာ ကောင်းမွန်နေတာဖြစ်ပါတယ်။

အခုလည်း Telegram ကနေ Version 8.4 Update နဲ့အတူ လူအများအပြားစောင့်ဆိုင်းနေကြတဲ့ Feature အသစ်တစ်ခုကို ထည့်သွင်းပေးလိုက်ပြီဖြစ်ပါတယ်။ ဒါကတော့ Message တွေမှာ Reaction ပေးနိုင်တဲ့ Feature ပဲဖြစ်ပါတယ်။

ဒါကြောင့် တခြားသော Facebook ၊ Instagram ၊ Twitter လိုမျိုးပဲ Telegram မှာလည်း ပေးပို့ထားတဲ့ Message တွေကို ပြန်ပြီး Reply လုပ်စရာမလိုဘဲ React ပြုလုပ်နိုင်မှာပါ။ Reaction တွေအတွက်ကလည်း Default Reaction တွေအပြင် ကိုယ့်စိတ်ကြိုက် Emoji တွေကိုပါ ထည့်သွင်းပြီး React လုပ်နိုင်ပါသေးတယ်။

နောက်ထပ် Feature အသစ်တွေကတော့ Message ပေးပို့တဲ့အချိန်မှာ Emoji Animation တွေကိုပါ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုမျိုး Emoji Animation ပေးပို့ဖို့အတွက်ကတော့ Group Chat တွေမှာ အသုံးပြုနိုင်မှာမဟုတ်ဘဲ တစ်ဦးချင်းပေးပို့တဲ့ Message တွေမှာပဲ သုံးနုိင်မှာဖြစ်ပါတယ်။

နောက်ထပ်လည်း Android ဖုန်းအားလုံးနဲ့ iOS 15 အထက် iPhone တွေမှာဆိုရင် ကိုယ်မသိတဲ့ ဘာသာစကားတွေကို ဘာသာပြန်ပေးနိုင်တဲ့ In-app Translation Feature လည်းပါဝင်မှာဖြစ်ပါတယ်။ နောက်ဆုံးကတော့ ကိုယ့်ရဲ့ Account ကို Share ပေးတဲ့အချိန်မှာ QR Code အနေနဲ့ Share ပေးနိုင်ပြီဖြစ်ပါတယ်။

Ref – 9to5Google