Telegram က Desktop နဲ့ Mobile Apps တွေမှာ Video Call ထည့်သွင်းပေးလိုက်ပြီလို့ ကြေညာလိုက်ပါတယ်။ Telegram ကို ၂၀၁၃ ခုနှစ် ဩဂုတ်လမှာ စတင် ဖြန့်ချိပေးခဲ့ပြီး ၇ နှစ်မြောက် မွေးနေ့မှာ ဒီလို ပြုလုပ်ပေးလိုက်တာပါ။

Video Call လုပ်ဆောင်ချက်ဟာ လက်ရှိမှာ Alpha အဆင့်ပဲရှိသေးပြီး Voice Call, Video Call အားလုံးကို End-to-end Encrypted လုပ်ထားတဲ့အတွက် လုံခြုံမှု အားကောင်းပါတယ်။ App က သင်နဲ့ သင်ပြောနေတဲ့ လူအတွက် Screen မှာ Emoji ၄ ခုကို ပြသပေးမှာ။

Voice Call မှာ Picture-in-picture လုပ်ဆောင်ချက်ကို အသုံးပြုနိုင်တဲ့အတွက် ဖုန်းပြောနေရင်းနဲ့ တခြား App တွေကို သုံးနိုင်ပါတယ်။ Video Call သုံးနေချိန်မှာ Voice Call ကို အချိန်မရွေး ပြောင်းလဲနိုင်သလို သင့်ဘက်ခြမ်းက ကင်မရာကို မဖွင့်ဘဲ ပိတ်ထားနိုင်ပါတယ်။

Telegram က နောက်ထုတ်မယ့် Update တွေမှာ လုပ်ဆောင်ချက်တွေ ပိုထည့်ပေးမယ်လို့ ပြောတဲ့အတွက် နောက်ပိုင်းမှာ Group Video Call တွေ သုံးနိုင်အောင် ပြုလုပ်ပေးမှာ သေချာပါတယ်။ ဒါ့အပြင် Telegram က အသုံးများတဲ့ Emoji တွေအတွက် Animated Emoji Options တွေကို ထပ်မံ ထည့်သွင်းပေးလိုက်ပါတယ်။ Chat မှာ Emoji ကို စာရိုက်ရှာရင် Animated Version ကိုပါ မြင်ရမှာပါ။

Ref : gsmarena