Tesla CEO Elon Musk က အလိုအလျှောက် မောင်းနှင်နိုင်တဲ့ နည်းပညာ ပါတဲ့ Tesla Cybercab Robotaxi ကို ကြေညာလိုက်ပါတယ်။
အဲဒီကား လူက လုံးဝ မောင်းနှင်စရာ မလိုဘဲ အလိုအလျှောက် မောင်းနှင်နိုင်ပြီး စတီယာရင်နဲ့ ခြေနင်းတွေ မပါပါဘူး။ အဲဒီအတွက် ကားကို မထုတ်လုပ်ခင် အာဏာပိုင်တွေထံက ခွင့်ပြုချက်ရယူရဦးမှာ ဖြစ်ပါတယ်။ ဒီဇိုင်းက ခေတ်ရှေ့ပြေးပြီး တံခါးတွေကို အပေါ်လှန်ကာ ဖွင့်ရမှာ ဖြစ်ပါတယ်။ လူ ၂ ယောက်ပဲ စီးနင်းနိုင်မှာဖြစ်ပါတယ်။ အားသွင်းပေါက် မပါလာဘဲ Musk က ကြိုးမဲ့ အားသွင်းနိုင်မယ်လို့ ပြောပါတယ်။
Musk က အလိုအလျှောက်မောင်းနှင်တဲ့ ကားတွေဟာ လူသားတွေထက် ဘေးကင်းလုံခြုံမှုဟာ ၁၀ ဆ ကနေ ၂၀ ဆ အထိ ပိုများတယ်လို့ ပြောပါတယ်။ သူက ဒီနည်းပညာက လူ့အသက်ပေါင်းများစွာကို ကယ်တင်နိုင်မယ်လို့ ပြောပါတယ်။ ၁ မိုင်မှာ ၀.၂၀ ဒေါ်လာ ကုန်ကျစားရိတ်သက်သာမှာ ဖြစ်ပြီး ဘတ်စ်ကားတွေဟာ ၁ မိုင်မှာ ၁ ဒေါ်လာ ကုန်ကျပါတယ်။
Tesla ဟာ နောက်နှစ်မှာ တက္ကဆပ်နဲ့ ကယ်လီဖိုးနီးယားမှာ အပြည့်အဝ အလိုအလျှောက် မောင်းနှင်တဲ့ နည်းပညာကို စမ်းသပ်မှာ ဖြစ်ပြီး Cybercab ကို ၂၀၂၆ ခုနှစ်မှာ ထုတ်လုပ်မှာ ဖြစ်ပါတယ်။ Musk က နောက်ကျပြီး ၂၀၂၇ ခုနှစ်ကျမှ ထုတ်လုပ်နိုင်တယ်လို့လည်း ပြောပါတယ်။
Ref : theverge