လျှပ်စစ်ကား ချစ်သူတွေ စောင့်ဆိုင်းနေတဲ့ အချိန်က ကုန်ဆုံးသွားပြီ ဖြစ်ပြီး Tesla က တက္ကဆပ်၊ အော်စတင်က Gigafactory မှာ Cybertruck ကို ပြသလိုက်ပါတယ်။ အဲဒီ မိတ်ဆက်ပွဲကို X မှာ တိုက်ရိုက်ပြသခဲ့ပါတယ်။ Elon Musk က ထရပ်ကားထက် ကောင်းတဲ့ ထရပ်ကားလို့ Cybertruck ကို ညွှန်းဆိုလိုက်ပါတယ်။

Cybertruck မှာ Stainless Steel ကိုယ်ထည်ကို အသုံးပြုထားတာက မြင့်မားတဲ့ စွမ်းရည် ဖြစ်ပါတယ်။ ဒီဇိုင်း လှပစေသလို ကြံ့ခိုင်မာကျောစေပါတယ်။ မှန်ကလည်း အလွန်မာကျောပြီး ဘေ့စ်ဘောကို ၁ နာရီ မိုင် ၇၀ နှုန်းနဲ့ ရိုက်တာကို ခံနိုင်ပါတယ်။

Cybertruck ဟာ ၄,၉၀၀ ကီလိုဂရမ် အလေးချိန်ကို ဆွဲနိုင်ပြီး ၁,၁၃၄ ကီလိုဂရမ်ကို သယ်ဆောင်နိုင်ပါတယ်။ ကားထဲမှာ ၁၈.၅ လက်မ ပင်မ Touchscreen ထည့်သွင်းထားပြီး အနောက်က ခရီးသည်အတွက် ၉.၄ လက်မ မျက်နှာပြင် ပါပါတယ်။

Tesla Cybertruck price in India, range, launch details, features and price  | Autocar India

Cybertruck အတွက် RWD, AWD နဲ့ စွမ်းရည်မြင့် Cyberbeast မော်ဒယ် ၃ မျိုးထုတ်လုပ်ထားပါတယ်။ RWD ဟာ ၄၀၂ ကီလိုမီတာ၊ AWD ဟာ ၅၄၇ ကီလိုမီတာနဲ့ Cyberbeast ဟာ ၅၁၅ ကီလိုမီတာ မောင်းနှင်နိုင်ပါတယ်။ Tesla က အပို ဘက်ထရီ ကို ထုတ်လုပ်ပေးထားပြီး AWD ကို ၇၅၆ ကီလိုမီတာနဲ့ Cyberbeast ကို ၇၀၈ ကီလိုမီတာအထိ မောင်းနှင်စေနိုင်ပါတယ်။

Musk က Cybertruck ကို စတင် ကြေညာတဲ့ အချိန်က ယူရို ၃၇,၀၀၀ ဝန်းကျင်နဲ့ ရောင်းချမယ်လို့ ပြောခဲ့ပေမယ့် အခုတော့ ဈေးက အများကြီး ပိုများနေပါတယ်။ RWD နဲ့ AWD ဟာ ယူရို ၅၆,၈၃၀ နဲ့ ၇၄,၅၄၀ က စပြီး Cyberbeast က ယူရို ၉၃,၁၈၀ က စပါတယ်။ တန်ဖိုးအနည်းဆုံး မော်ဒယ်ကို လိုချင်ရင် ၂၀၂၅ ခုနှစ်မှ ရောင်းချမှာပါ။

Ref : arenaev