Tesla ရဲ့ Full Self-Driving (FSD) နည်းပညာ ထည့်သွင်းထားတဲ့ ကားဟာ သမင်ကို မမြင်ဘဲ ဝင်တိုက်ခဲ့တဲ့အတွက် ဒီနည်းပညာရဲ့ အားနည်းချက်ဟာ ဝေဖန်စရာ ဖြစ်ခဲ့ပါတယ်။ ကား ရှင်းလင်းနေတဲ့ ၂ လမ်းသွားလမ်းမှာ ဒီဖြစ်ရပ် ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ Dashcam မှာ FSD ပါတဲ့ အဲဒီကားဟာ ည အချိန်မှာ သမင်ကို မမြင်ဘဲ ဝင်တိုက်ခဲ့တာလို့ ပြသထားပါတယ်။
Tesla ရဲ့ FSD Mode မှာ လမ်းသွားလမ်းလာနဲ့ အတားအဆီးတွေကို မြင်နိုင်ဖို့ ကင်မရာတွေကိုပဲ အသုံးပြုထားတာ ဖြစ်ပြီး Radar or LiDAR လို တခြား အစိတ်အပိုင်းတွေကို အသုံးမပြုထားပါဘူး။ အဲဒီအတွက် Tesla ရဲ့ FSD ဟာ စိတ်ပူစရာ ဖြစ်လာပါတယ်။
အခု ဖြစ်ရပ်မှာ ယာဉ်မောင်း Paul S ကို ဒီအကြောင်း သဘောထားအမြင်ကို မေးတဲ့အခါ သူက “ သမင်ဟာ လေကာမှန်ကို မဖောက်ထွက်သွားပါဘူး။ ကားရဲ့ တည်ဆောက်မှု ညံ့ဖျင်းရင် ကျွန်တော် သေနိုင်ပါတယ်။ လေကာမှန် ကွဲအက်သွားသလို ကားဟာ တော်တော် ပျက်ဆီးသွားပါတယ်။ “ လို့ ပြောပါတယ်။
Tesla ရဲ့ FSD နည်းပညာကြောင့် ဒီနှစ် အစောပိုင်းမှာ လူတစ်ယောက်သေဆုံးခဲ့ပြီး အာဏာပိုင်တွေရဲ့ ဖိအားပေးမှု ခံခဲ့ရပါတယ်။ LiDAR လို အပို အာရုံခံ ကိရိယာ မပါတဲ့အတွက် ရှုပ်ထွေးတဲ့ ပတ်ဝန်းကျင်မှာ Tesla ရဲ့ ကားတွေဟာ ဘေးကင်းမှု အားနည်းတယ်လို့ ဝေဖန်မှုတွေ ရှိနေပါတယ်။
Ref : yahoo