Tesla ရဲ့ Full Self-driving နည်းပညာကြောင့် မော်တော်ဆိုင်ကယ် ၁ စီးကို တိုက်မိပြီး ဆိုင်ကယ် မောင်းသူ သေဆုံးသွားတယ်လို့ ရဲဌာနက ပြောပါတယ်။

Tesla's $99 self-driving system is amazing but stressful

ဧပြီလမှာ Tesla ယာဉ်မောင်း ၁ ယောက်ဟာ Autopilot ကို အသုံးပြုကာ မောင်းနှင်နေပြီး ကားကို ဂရုမစိုက်ခဲ့ဘဲ အရှေ့က မော်တော်ဆိုင်ကယ်ကို ဝင်တိုက်မိခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။ အဲဒီအတွက် မော်တော်ဆိုင်ကယ် မောင်းသူ သေဆုံးခဲ့ပါတယ်။

အခုတော့ ရဲဌာနက Tesla ကားရဲ့ ဒေတာကို ရယူ စစ်ဆေးခဲ့ပြီး ယာဉ်တိုက်မှု ဖြစ်စဉ်မှာ Tesla ရဲ့ နောက်ဆုံးထုတ် Full Self-driving နည်းပညာကို အသုံးပြုထားတယ်လို့ တွေ့ရှိခဲ့ပါတယ်။

Tesla Full Self-Driving Beta 10.69 barrier

Tesla ယာဉ်မောင်းကို ကားကို မဆင်မချင်မောင်းနှင်တဲ့အတွက် ရဲဌာနက ဖမ်းဆီးထားပါတယ်။

ကား ကုမ္ပဏီတွေဟာ မောင်းသူမဲ့ နည်းပညာကို ကားတွေမှာ ထည့်သွင်းပေးဖို့ အပြိုင်အဆိုင် ကြိုးစားနေကြပါတယ်။ အမေရိကန်နဲ့ တရုတ်မှာ မောင်းသူမဲ့ တက္ကစီတွေကိုတောင် ပြေးဆွဲပေးနေပါတယ်။ ဒါပေမယ့် ဒီနည်းပညာမှာ အားနည်းချက်တွေ ရှိနေသေးတဲ့အတွက် ယာဉ်မတော်တဆမှုတွေ ဖြစ်ပွားလေ့ရှိပါတယ်။

Ref : electrek