Tesla က အမေရိကန်မှာ Cybertruck ကို ပို့ဆောင်ပေးနေပြီလို့ အတည်ပြုထားပါတယ်။ ကုမ္ပဏီဟာ အဲဒီကားအတွက် အခွန်နဲ့ ဈေးနှုန်း လျှော့ချပြီး ရောင်းပေးနေပေမယ့် ရောင်းအား အလွန် နည်းနေပါတယ်။ ၂၀၂၃ ခုနှစ် နှောင်းပိုင်းက စတင်ကာ အဲဒီကား အစီးရေ ၄၆,၀၀၀ ပဲ ရောင်းချနိုင်ခဲ့ပြီး ၂၀၂၅ ခုနှစ် ကွာတား ၁ မှာ အစီးရေ ၇,၀၀၀ နဲ့ ၈,၀၀၀ ကြားပဲ ရောင်းချနိုင်ခဲ့ကာ အရင်ကွာတားတွေထက် တော်တော်နည်းနေပါတယ်။
Supercharger တွေမှာ အခမဲ့ အားသွင်းနိုင်တာ၊ ဈေးလျှော့ပေးတာတွေလို အခွင့်အရေးတွေ ပေးထားပေမယ့် Cybertruck ရောင်းအားဟာ တော်တော်နည်းနေပါတယ်။ Tesla ဟာ မူလက တစ်နှစ်မှာ Cybertruck အစီးရေ ၂၅၀,၀၀၀ ထုတ်လုပ်ဖို့ စီစဉ်ထားပေမယ့် အခုတော့ တစ်နှစ်ကို ၄၀,၀၀၀ တောင် ရောင်းနိုင်ဖို့ ရုန်းကန်နေရပါတယ်။
ဒေါ်လာ ၆၁,၀၀၀ ကစတဲ့ Cybertruck RWD ကို ရောင်းချဖို့ စီစဉ်နေပြီး ရောင်းအားတိုးတက်အောင် ကြိုးစားမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဈေးနှုန်းမြင့်မားတာ၊ မောင်းနှင်နိုင်တဲ့ အကွာအဝေးတွေနဲ့ ပတ်သက်ပြီး စိတ်ပူစရာတွေ ရှိနေတဲ့အတွက် ရောင်းအားကောင်းမလား ဆိုတာ သံသယ ဖြစ်စရာပါ။
Ref : Tech Explorers