Apple က Watch Series 10 ကို ကြေညာလိုက်ပြီး Apple Watch ထဲမှာ အကြီးမားဆုံး Display တပ်ဆင်ထားပါတယ်။ ကုမ္ပဏီရဲ့ အပါးလွှာဆုံး နာရီလည်း ဖြစ်ပြီး အားသွင်းနှုန်းကိုလည်း တိုးမြှင့်ထားပါတယ်။

The Apple Series 10 is thinner and lighter, has the largest display yet, a titanium version too

1.92” Display  တပ်ဆင်ထားပြီး အရင်မျိုးဆက်ထက် ၃၀ ရာခိုင်နှုန်း ပိုကြီးလာပါတယ်။ Always On Display ဟာ ၄၀ ရာခိုင်နှုန်း ပိုမိုတောက်ပလာတဲ့အတွက် သတင်းအချက်အလက်တွေ ကြည့်ရတာ ပိုကောင်းလာပါတယ်။ ကြီးမားတဲ့ Display မှာ စာရိုက်ရတာ ပိုအဆင်ပြေလာပါတယ်။

The Apple Series 10 is thinner and lighter, has the largest display yet, a titanium version too

Apple Watch Series 10 ရဲ့ အထူက ၉.၇ မီလီမီတာပဲ ရှိပြီး ပိုမို ပါးလွှာလာပါတယ်။ အလူမီနီယမ် မော်ဒယ်ဟာ ၁၀ ရာခိုင်နှုန်း ပိုမို ပေါ့ပါးလာပါတယ်။ အားအပြည့်သွင်းထားရင် ၁၈ နာရီ အသုံးခံပြီး မိနစ် ၃၀ အားသွင်းရင် ၈၀ ရာခိုင်နှုန်းရပါတယ်။ နာရီဟာ MagSafe နဲ့ Qi 2 Charging ထောက်ပံ့ပါတယ်။

The Apple Series 10 is thinner and lighter, has the largest display yet, a titanium version too

အလူမီနီယမ် မော်ဒယ်အတွက် Rose Gold နဲ့ Silver အရောင် အပြင် Jet Black ကိုလည်း ထုတ်လုပ်ထားပါတယ်။ ရေအနက် ၆ မီတာအထိ ဝတ်ဆင်နိုင်ပြီး ရေငုပ်သူတွေအတွက် အဆင်ပြေပါတယ်။

အိပ်နေစဉ်မှာ အသက်ရှူမဝတဲ့ ရောဂါကို နာရီက စစ်ဆေးပေးနိုင်ပါတယ်။ Apple က စပီကာကို ဒီဇိုင်း ပြောင်းလဲပေးထားပြီး အရွယ်အစားက ၃၀ ရာခိုင်နှုန်း ပိုသေးလာပါတယ်။ အဲဒီအတွက် နာရီမှာ သီချင်းနဲ့ Podcast နားထောင်ရတာ ပိုကောင်းလာပါတယ်။

Apple Watch Series 10 ကို ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး ဒီလ ၂၀ ရက်နေ့ ရောင်းမှာပါ။ GPS မော်ဒယ်ဟာ ဒေါ်လာ ၄၀၀ က စတင်ပြီး GPS+Cellular မော်ဒယ်ဟာ ဒေါ်လာ ၁၀၀ ပိုများပါတယ်။

Ref : gsmarena