လူတိုင်းဘဝတွင် မိမိတို့၏ဘဝကို ထင်ဟက်ခွန်အားပေးနိုင်သည့် ချန်ပီယံများစွာရှိနေတတ်ကြပါတယ်။ အမှန်ဆိုရလျှင် ချန်ပီယံဆိုသည့် ဝိသေသလက္ခဏာဂုဏ်ပုဒ် မဖြစ်ပေါ်သေးတဲ့အချိန်တွင် ဘဝ၏ချန်ပီယံများမှာ သုညအခြေအနေမျိုးမှ အခြေပြုကာ တဖြည်းဖြည်းချင်းတည်ဆောက်ပြီး အထွဋ်အထိပ်သို့ တက်လှမ်းလာကြခြင်းသာဖြစ်ပါတယ်။ မဆုတ်မနစ်စိတ်ဓာတ်မျိုးဖြင့် ကြိုးစားတည်ဆောက်ပြီး ကန့်သတ်ချက်များကို ချိုးဖြတ်ကျော်လွှားကာ တက်လှမ်းလာကြခြင်းဖြစ်ပါတယ်။ ချန်ပီယံများဟာ အမြဲလိုလို အသစ်အဆန်း သို့မဟုတ် စိတ်လှုပ်ရှားစရာ တစ်ခုခုကို ကျွနိုပ်တို့အတွက် ဆောင်ကြဉ်းပေးလာတတ်ကြပါတယ်။ ချန်ပီယံတို့၏အစဉ်အလာအတိုင်း realme ၏သမိုင်းတစ်လျှောက် အကောင်းဆုံးသောချန်ပီယံ C Series ထုတ်ကုန်သစ်ဖြစ်သည့် realme C55 ကို လာမယ့် မတ်လ (၂၂) ရက်တွင် မိတ်ဆက်ပေးတော့မှာဖြစ်ပါတယ်။ ထို့အပြင် realme C55 အတွက် ကြိုတင်အမှာ (Pre-order) များကိုလည်း မြန်မာတစ်နိုင်ငံလုံးရှိ realme အရောင်းဆိုင်ကြီးများတွင် စရံငွေ (၃၀၀၀၀) ကျပ်ပေးသွင်းရုံဖြင့် ရယူနိုင်ပြီဖြစ်သလို ကြိုတင်မှာယူသူများအနေဖြင့် Sport Water Bottle နှင့် (ပြန်အမ်းငွေ ၁၀၀၀၀ ကျပ်) တို့ကို ခံစားရယူနိုင်မှာဖြစ်ပါတယ်။
realme C55 ကို ချန်ပီယံဟုတင်စားထားသည့်အတိုင်း အကောင်းဆုံး hardware ပိုင်းနှင့် software ပိုင်းတို့ကို ပေါင်းစပ်ထည့်သွင်းထားပြီး Champion 256GB သိုလှောင်နိုင်မှုနှင့်အတူ 64MP Champion Camera ကိုပါ ထည့်သွင်းပေးထားပါတယ်။ မူလပါဝင်သည့် 8GB RAM ပမာဏကိုလည်း Dynamic RAM Expansion နည်းပညာပံ့ပိုးပေးထားခြင်းကြောင့် စုစုပေါင်း 16GB RAM ပမာဏအထိ အသုံးပြုနိုင်စေမှာဖြစ်ပါတယ်။ Design ပိုင်းတွင်လည်း တီထွင်ဆန်းသစ်မှုအပြည့်ရှိတဲ့ မိုးစက်ကလေးများကျနေတဲ့ အသွင်မျိုးအဖြစ် ဖန်တီးပေးထားပြီး ရွှေရောင်အသွင် Sunshower အရောင်နှင့် အနက်ရောင်အသွင် Rainy Night အရောင်တို့ကို ရွေးချယ်နိုင်ပါတယ်။
ကြီးမားတဲ့ ၆.၇၂ လက်မ အရွယ်အစားမျက်နှာပြင်တွင် 90Hz Refresh Rate နှင့်အတူ FullHD ရုပ်ထွက်အရည်အသွေးကိုပါ ထောက်ပံ့ပေးထားတဲ့ ပထမဆုံး C Series လည်း ဖြစ်လာမှာဖြစ်ပါတယ်။ စွမ်းဆောင်ရည်ပိုင်းအတွက် Gaming အတွေ့အကြုံပိုမိုပေးနိုင်စေမယ့် Helio G88 Chipset ကို ထည့်သွင်းအသုံးပြုပေးထားတဲ့အပြင် အားသွင်းမြန်ဆန်စေမယ့် 33W အားသွင်းစနစ်ကိုပါ ပထမဆုံးအဖြစ် ထည့်သွင်းပေးထားလို့ 5000 mAh ဘက်ထရီကို တစ်နာရီ ကျော်ကျော်နှင့်အားအပြည့်သွင်းပေးနိုင်စေမည်ဖြစ်သည်။
ထူးခြားမှုတစ်ခုအဖြစ် realme C55 တွင် Mini Capsule ဟုခေါ်တဲ့ feature သစ်တစ်ခုပါဝင်လာမည်ဖြစ်ပြီး Punch-hole Selfie ကင်မရာဘေးနှစ်ဘက်သို့ ပြန်ကားထွက်သွားမယ့် အချက်အလက်ပြ Noti စနစ်ကို ထိတွေ့သုံးစွဲနိုင်မှာဖြစ်ပါတယ်။ အဆိုပါ Mini Capsule မှတစ်ဆင့် ဖုန်းအားသွင်းခြင်း၊ Data သုံးစွဲခြင်း အစရှိသည်တို့ကို Noti အဖြစ် သက်ဝင်လှုပ်ရှားစွာပြသပေးမှာဖြစ်ပါတယ်။ ထုတ်ကုန်ဆောင်ပုဒ်ဖြစ်တဲ့ “256 နဲ့ပြိုင်ဘက်ကင်း၊ 64 နဲ့ကြည်တောက်ရှင်း” ဟုခေါ်ဆိုသုံးနှုန်းထားသော realme C55 ကိုမိတ်ဆက်ပေးမယ့် မတ်လ (၂၂) ရက်နောက်ပိုင်းမှစတင်ကာ စျေးကွက်တွင် အမြန်ဆုံး ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။