Bluetooth Speaker လေးတွေကိုလူတိုင်းနီးပါးကြိုက်ကြမှာပါ။ ပြည်တွင်းမှာလည်း Bluetooth Speaker မျိုးစုံဝယ်ယူရရှိနိုင်တယ်။ သောင်းဂဏန်းကစလို့ သိန်းကျော်ထိ ဈေးနှုန်းမျိုးစုံရှိပြီး အရည်အသွေးကလည်းတော်တော်ကွာခြားပါတယ်။ အခုပြောပြပေးသွားမှာက Voice Assistant ပါတဲ့ Smart Speaker လေးတွေပါ။

Amazon Echo Second Generation

နာမည်ကျော် Online Store ဖြစ်တဲ့ Amazon ကနေထုတ်လုပ်လိုက်တဲ့ ဒုတိယမျိုးဆက် Smart Speaker လေးပါ။
ခြောက်လက်မနီးနီးအမြင့်ရှိပြီး Bluetooth ရော Wifi နဲ့ပါချိတ်ဆက်နိုင်ပါတယ်။ Amazon ရဲ့ ကိုယ်ပိုင် Voice Assistant AI ဖြစ်တဲ့ Alexa ဆိုတဲ့ AI ပါဝင်ပြီး မိုးလေဝသအခြေအနေတို့ အားကစားသတင်းတို့ အစရှိတာတွေပြောပြနိုင်ပါတယ်။

သင်ပျင်းရိနေတဲ့အချိန်တွေဆိုရင်လည်း စကားစမြည်ပြောနိုင်ပါသေးတယ်။ Built In Battery မပါပဲ Plug တပ်ပြီး သုံးရမှာဖြစ်လို့ အပြင်သယ်သွားဖို့တော့ အဆင်မပြေပါဘူး။

ဒါပေမယ့် Echo အတွက် Battery Base ဆိုတဲ့ Gadget လေးတွေထပ်ဝယ်ပြီး တပ်ဆင်လိုက်တဲ့အခါ Portable Speaker အဖြစ်ပြောင်းလဲသွားမှာပါ။

Alexa ရဲ့ Feature တွေကိုအဓိက ဦးစားပေးထားလို့ Audio Quality ကပုံမှန် အရည်အသွေးသာရရှိမှာပါ။ ဈေးနှုန်းကတော့ ဒေါ်လာ တစ်ရာဝန်းကျင်ဖြစ်ပါတယ်။

Apple Homepod

Apple Homepod ဟာ Apple ရဲ့ ပထမဆုံး Smart Speaker ပါ။ Amazon Echo လိုပဲ တစ်ချိန်လုံး Plug တပ်ထားဖို့လိုပါတယ်။ Audio Quality ကိုအဓိက Focus လုပ်ထားပြီး Bluetooth နဲ့ရော Wifi နဲ့ပါချိတ်ဆက်နိုင်ပါတယ်။

Homepod နှစ်လုံးကိုတစ်ပြိုင်နက် ချိတ်ဆက်ထားနိုင်ပြီး Apple ရဲ့ Air Play Feature ကိုအသုံးပြုရမှာမို့လို့ i-Device တစ်ခုတော့လိုပါမယ်။ Apple ရဲ့ ကိုယ်ပိုင် AI ဖြစ်တဲ့ Siri ပါဝင်ပြီး တစ်ခြား Voice Assistant AI တွေလိုပဲ သတင်းတွေပြောပြနိုင်ပြီး စကားစမြည်ပြောနိုင်မှာပါ။

Smart Speaker တွေထဲမှာမှ ပထမဆုံး Built In Processor ပါဝင်ပြီး Apple ရဲ့ A8 Chip ကိုသုံးထားပါတယ်။ Microphone ခြောက်လုံးပါဝင်ပြီး Speaker ကိုထားထားတဲ့ အခန်းအနေအထားအလိုက် ချိန်ညှိပြီး အကောင်းဆုံးအသံထွက်ကိုထုတ်ပေးနိုင်ပါတယ်။

ခြောက်လက်မခွဲ အမြင့်ရှိပြီး Design က လုံးလုံးလေးနဲ့ချစ်စရာကောင်းပါတယ်။ အနက်နဲ့ အဖြူနှစ်ရောင်ထုတ်ထားပြီး ဈေးနှုန်းကတော့ ဒေါ်လာ သုံးရာ့ငါးဆယ်မို့လို့ နည်းနည်းတော့များပါတယ်။

MEGABLAST

Ultimate Ears ဆိုတဲ့ Company ကနေထုတ်ထားတဲ့ Bass Heavy Speaker ပါ။

အသံအရမ်းကျယ်ပြီး Outdoor Party တွေအတွက် Focus လုပ်ထားတာပါ။ တစ်ခြား MEGABLAST speaker တွေအများကြီးတဲ့ တစ်ပြိုင်တည်းချိတ်ဆက်နိုင်ပြီး အခန်းကျယ်တစ်ခန်းကို Club တစ်ခုအဖြစ်အသွင်းပြောင်းလိုက်နိုင်ပါတယ်။

360° Audio ထုတ်ပေးပြီး အသံအရမ်းကျယ်ပါတယ်။ Audio Clarity ထက် Loudness နဲ့ Bass ကိုဦးစားပေးထားလို့ တစ်ခြား Smart Speaker တွေလောက်တော့ အသံကြည်လင်ပြတ်သားမှုမရှိပါဘူး။

တစ်ခြား Speaker တွေလို Wifi ရော Bluetooth ပါပါပြီး Amazon ရဲ့ AIဖြစ်တဲ့ Alexa ပါဝင်ပါတယ်။ Battery ပါဝင်လို့နေရာတစ်ကာသယ်သွားနိုင်တယ်။

Water Proof ဖြစ်လို့ Pool Party လိုမျိုးမှာ အသာအယာပဲ ဝုန်းဒိုင်းကျဲနိုင်ပါတယ်။ ဒေါင်လိုက်အမြင့် ကိုးလက်မကျော်ကျော်ရှိပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ နှစ်ရာ့ငါးဆယ်ပါ။

Bose SoundLink Revolve+

Apple Homepod လို Quality မျိုးလိုချင်ပေမယ့် Battery ပါပြီး နေရာတစ်ကာသယ်သွားချင်တယ်ဆိုရင်တော့ Bose ရဲ့ SoundLink Series Revolve+ ရှိပါတယ်။

Wifi မပါပဲ Bluetooth နဲ့ပဲချိတ်ဆက်ရမှာပါ။ Google Assistant ရော Siri ရော Support လုပ်ပါတယ်။ ရေစိုခံပြီး ရေစိမ်တော့မခံပါ။

သူရဲ့ Audio Quality က Homepod နီးပါးရှိပြီး အသံကျယ်လောင်နှုန်း Loudness ကတော့ Homepod ကိုမမှီပါဘူး။

Audio Quality အရမ်းကောင်းပြီး Acoustic Track တွေဆိုရင် အပြင်မှာ တီးခတ်နေတဲ့အတိုင်းကြားရမှာပါ။ ထိမိခိုက်မိတဲ့ဒဏ်တွေကိုကောင်းကောင်းခံနိုင်ပါတယ်။

အမြင့် ခုနှစ်လက်မကျော်ကျော်ရှိပြီး Battery Back Up ခည်းပါလို့နေရာတစ်ကာယူသွားနိုင်တယ်။ မီးအိမ်ပုံစံလေးနဲ့ချစ်ဖို့ကောင်းပြီး ဈေးလေးကတော့ သိပ်ချစ်ဖို့မကောင်းပါဘူး။ ဒေါ်လာသုံးရာရှိပါတယ်တဲ့။