Samsung ဟာ Galaxy S24, Galaxy S24+ နဲ့ Galaxy S24 Ultra တို့ပါတဲ့ Galaxy S24 Series ကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်နေ့မှာ နိုင်ငံတကာအတွက် ကြေညာမယ်လို့ သတင်းထွက်နေပါတယ်။

Report confirms Samsung Galaxy S24 will launch sooner than expected -  SamMobile

Samsung ဟာ Galaxy Z Fold 7 နဲ့ Galaxy S25 လို နောက် ၂ နှစ်လောက်ကြာမှ ထွက်မယ့် Device တွေအတွက် အခုကတည်းက မှတ်ပုံတင်တာတွေ ပြုလုပ်နေပါတယ်။ ပြီးခဲ့တဲ့လ တွေအတွင်းမှာ ကုမ္ပဏီဟာ AR မျက်မှန်နဲ့ စမတ် လက်စွပ်တို့လို ထုတ်ကုန်တွေအတွက်လည်း မှတ်ပုံတင်ထားပါတယ်။

Samsung Galaxy S24 Ultra clears safety certification ahead of launch -  SamMobile

Samsung ဟာ နောက်ထွက်မယ့် စွမ်းရည်မြင့် စမတ်ဖုန်းတွေမှာ AI ထည့်သွင်းဖို့ ကြိုးစားနေပါတယ်။ ကုမ္ပဏီက AI စွမ်းရည်များစွာ ပါတဲ့ Galaxy AI Experience ကို Galaxy S24 Series မှာ ထည့်သွင်းပေးထားမှာ ဖြစ်ပါတယ်။

နယ်သာလန်မှ Galaxy Club Website က နိုင်ငံများစွာမှာ Samsung မှတ်ပုံတင်ထားတဲ့ စာရွက်စာတမ်းတွေကို တွေ့ရှိခဲ့ပြီး Galaxy S24 ကို AI Phone အဖြစ် ကြေညာမယ်ဆိုတာ သိခဲ့ရပါတယ်။ Samsung ဟာ AI Phone နဲ့ AI Smartphone စာသားတွေကို မှတ်ပုံတင် စာရွက်စာတမ်းတွေမှာ ထည့်သွင်းထားပါတယ်။

Samsung ဟာ Augmented Reality မျက်မှန်ကိုလည်း အာရုံစိုက် လုပ်ဆောင်နေပြီး Magic Pixel , Flex Magic နဲ့ Flex Magic Pixel တို့လို နာမည်တွေကို တီဗီ၊ စမတ်ဖုန်း မျက်နှာပြင်နဲ့ တခြား ထုတ်ကုန်တွေအတွက် မှတ်ပုံတင်ထားပါတယ်။

Galaxy S24 Series ကို ကြေညာတဲ့အချိန်မှာ Artificial Intelligence (AI) စကားလုံးကို အများကြီး ပြောသွားနိုင်ပါတယ်။

Ref : gizmochina