H2Rescue ထရပ်ကားဟာ ဟိုက်ဒရိုဂျင် တိုင်ကီ တစ်လုံးထဲနဲ့ ၁,၈၀၆ မိုင် (၂,၉၀၆ ကီလိုမီတာ)ကို မောင်းနှင်ပြီး ဂင်းနစ် ကမ္ဘာ့ စံချိန်တင်သွားပါတယ်။ အဲဒီကားကို DOE ရဲ့ အကူအညီနဲ့ Accelera (Cummins) က တည်ဆောက်ထားတာ ဖြစ်ပြီး သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးနဲ့ အရေးပေါ် အခြေအနေတွေအတွက် ဒီဇိုင်းထုတ်ထားတာ ဖြစ်ပါတယ်။
Cummins Accelera Fuel Cell Engine နဲ့ 250 Kilowatt Motor တပ်ဆင်ထားပြီး ထရပ်ကားမှာ 175 kg (386 lb) တိုင်ကီထဲမှာ 168 kg (370 lb) ဟိုက်ဒရိုဂျင်ကို ထည့်သွင်းထားတာ ဖြစ်ပါတယ်။ ကားဟာ လမ်းမပေါ်မှာ တစ်နာရီကို ၅၀ ကနေ ၅၅ မိုင် ( ၈၀ ကနေ ၈၉ ကီလိုမီတာ) အမြန်နှုန်းနဲ့ မောင်းနှင်နိုင်ပြီး ရေကိုပဲ ထုတ်လွှင့်တဲ့အတွက် သဘာဝ ပတ်ဝန်းကျင်ကို မပျက်ဆီးစေပါဘူး။
DOE ရဲ့ အဆိုအရ ဟိုက်ဒရိုဂျင်ကားဟာ လောင်စာဆီ ကားတွေနဲ့ ယှဉ်ရင် ကာဘွန်ဒိုင်အောက်ဆိုက် 664 lbs (301 kg) လျှော့ချပေးနိုင်ပါတယ်။ H2Rescue ဟာ ဟိုက်ဒရိုဂျင် ထပ်ဖြည့်စရာ မလိုဘဲ ၇၂ နာရီကြာ မောင်းနှင်နိုင်ပါတယ်။
ကားရဲ့ အလေးချိန်ဟာ ၃၃,၀၀၀ ပေါင် ရှိပြီး သဘာဝဘေးအန္တရာယ် ကျရောက်တဲ့ ဒေသတွေအတွက် လိုအပ်တဲ့ ပစ္စည်းတွေကို သယ်ဆောင်နိုင်ပါတယ်။ ကားဟာ နှစ်စဉ် လောင်စာဆီ ၁,၈၂၅ ဂါလန်ကို လျှော့ချပေးနိုင်ပါတယ်။
Ref : Tech Explorers