Bloomberg က သတင်းအရ Apple ဟာ MacBook Air အသစ်ကို ဖန်တီးနေပြီး ဒီဇိုင်း ဆန်းသစ်ထားသလို ဟာ့ဒ်ဝဲ အသစ်တွေ ထည့်သွင်းထားမယ်လို့ သိရပါတယ်။ ဒီနှစ်ကုန်လောက်မှာ အဲဒီ လက်ပ်တော့ကို ကြေညာနိုင်ပြီး အခုတော့ Bloomberg က ဒီဇိုင်း ပြောင်းလဲမှု အသေးစိတ်ကို သတင်းပေးလာပါတယ်။
နောက်မျိုးဆက် MacBook Air ကိုယ်ထည်ဟာ အရင်မျိုးဆက်ထက် ပိုပါးလွှာ ပေါ့ပါးသလို မျက်နှာပြင် ဘေးဘောင်တွေဟာလည်း ပိုသေးသွားမယ်လို့ သိရပါတယ်။ MagSafe Charging System ပြန်ပါလာနိုင်ပြီး MacBook Pro ဒီဇိုင်းလို ထူးခြားနေမှာပါ။
နောက်ထုတ်မယ့် MacBook Air ရဲ့ ဒီဇိုင်းဟာ အရင်မျိုးဆက်တွေထက် အများကြီး ပြောင်းလဲလာမှာ သေချာပြီး အဆင့်မြှင့်ထားတဲ့ Apple M1 Chip ပါလာနိုင်ပါတယ်။
Bloomberg က MacBook Air အသစ်ဟာ အရင်မျိုးဆက် MacBook Air တွေရဲ့ မျိုးဆက်သစ်ဆိုတာထက် တန်ဖိုးပိုကြီးတဲ့ မော်ဒယ် ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။
Ref : gsmarena