China Mobile က 5G-Advanced aka 5.5G or 5GA ကို ဝန်ဆောင်မှု ပေးတော့မယ်လို့ ကြေညာလိုက်ပါတယ်။ OPPO ရဲ့ Chief Product Officer ဖြစ်သူ Pete Lau က အဲဒီ အင်တာနက် အမြန်နှုန်းကို ရမယ့် ကမ္ဘာ့ ပထမဆုံး ဖုန်းဟာ OPPO Find X7 Ultra ဖြစ်တယ်ဆိုတဲ့ Teaser ၁ ခုကို မျှဝေထားပြီး ဖုန်းရဲ့ Status Bar မှာ 5GA ကို ပြသထားပါတယ်။

The Oppo Find X7 series is getting 5.5G support, the first in the industry  - GSMArena.com newsThe Oppo Find X7 series is getting 5.5G support, the first in the industry  - GSMArena.com news

ဝီဘိုမှာ တင်ထားတဲ့ ပို့စ်မှာ OPPO Find X7 ကိုလည်း 5.5G နဲ့ အဆင့်မြှင့်ထားမယ်လို့ ဖော်ပြထားပါတယ်။ အဲဒီဖုန်း ၂ လုံးမှာ မတူညီတဲ့ Chipset တွေ ထည့်သွင်းထားပြီး Ultra မှာ Snapdragon 8 Gen 3 နဲ့ ရိုးရိုး မော်ဒယ်မှာ Dimensity 9300 ပါလာမှာပါ။ Find X7 ၂ လုံးဟာ 5.5G ကို ထောက်ပံ့တဲ့ ပထမဆုံး ဖုန်းတွေ ဖြစ်လာမှာပါ။

China Mobile က ဒီနှစ်ကုန်မှာ မြို့ ၃၀၀ ကျော်မှာ အဲဒီ ကွန်ရက် အသစ်ကို ရရှိအောင် ပြုလုပ်ပေးဖို့ စီစဉ်ထားပါတယ်။ ပထမဆုံး မြို့ ၁၀၀ မှာ လူနေထူထပ်တဲ့ ဘေဂျင်း၊ ရှန်ဟိုင်းနဲ့ ဂွမ်ဇူးတို့ ပါဝင်မှာပါ။

5G-Advanced ကွန်ရက်ဟာ ၃၀၀ ရာခိုင်နှုန်း ပိုမြန်ပြီး 10Gbps Download နဲ့ 1Gbps Upload ရရှိမှာပါ။ China Mobile ဟာ နိုင်ငံအဝန်းမှာ သရုပ်ပြတဲ့ ဧရိယာတွေကို တည်ဆောက်ထားပြီး Find X7 ပိုင်ရှင်တွေက စမ်းသပ် အသုံးပြုနိုင်မှာပါ။

Ref : gsmarena