realme 9 (4G) ဟာ realme 8 Pro ပြီးနောက် 108MP Sensor ပါတဲ့ ကုမ္ပဏီရဲ့ ဒုတိယမြောက် စမတ်ဖုန်း ဖြစ်လာတော့မှာပါ။ ဒါပေမယ့် realme 8 Pro မှာ ISOCELL HM2 အဟောင်းကို အသုံးပြုထားပြီး realme 9 မှာတော့ HM6 Sensor အသစ်စက်စက်ကို ထည့်သွင်းထားမှာ ဖြစ်ပါတယ်။

Realme 8 Series Will Feature A 108MP Primary Camera With Samsung ISOCELL HM2 Sensor; Here're All The New Camera Features - MySmartPrice

ကုမ္ပဏီက “ProLight” အမည်နဲ့ ကင်မရာ အသစ်ကို ကြော်ငြာ ရောင်းချမှာ ဖြစ်ပါတယ်။ ကုမ္ပဏီက ISOCELL HM6 မှာ NonaPixel Plus Layout (3×3 Binnng) အသစ်ကို အသုံးပြုထားမှာ ဖြစ်ကာ တခြား တိုးတက်မှုတွေနဲ့ ပေါင်းစည်းလိုက်ရင် HM2 ထက် Sensor ရဲ့ အလင်း စုဆောင်းမှု စွမ်းရည်ဟာ ၁၂၃ ရာခိုင်နှုန်း တိုးတက်လာမယ်လို့ ပြောပါတယ်။

ကုမ္ပဏီရဲ့ စမ်းသပ်ချက်အရ ကင်မရာ အသစ်ဟာ Low Light မှာ ရိုက်တဲ့အခါ အရောင်ထုတ်လုပ်တာ ပိုကောင်းသလို ပိုမို တောက်ပတဲ့ ဓါတ်ပုံတွေ ထုတ်လုပ်ပေးနိုင်တယ်လို့ ပြောပါတယ်။

HM6 Sensor မှာ ပါတဲ့ Ultra-zoom လုပ်ဆောင်ချက်ကို အသုံးပြုကာ ပင်မ ကင်မရာကနေ Lossless Zoom ကို realme 9 မှာ ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။ Samsung က အဲဒီ Sensor အသစ်ကို တရားဝင် မကြေညာရသေးပေမယ့် realme 9 မှာ ပထမဆုံး ထည့်သွင်း အသုံးပြုထားမှာ ဖြစ်ပြီး အဲဒီ စမတ်ဖုန်းကို ကြေညာဖို့ ပြင်ဆင်နေပါတယ်။ HM6 နဲ့ NonaPixel Plus အသစ်ရဲ့ သတင်းအချက်အလက် အသေးစိတ်ကို မကြာခင် သိလာရတော့မှာပါ။

Ref : gsmarena