Sharp က Aquos zero6 ကို ကြေညာလိုက်ပြီး ကမ္ဘာ့ အပေါ့ပါးဆုံး 5G စမတ်ဖုန်းလို့ ပြောပါတယ်။ ၆.၄ လက်မ IGZO OLED မျက်နှာပြင် တပ်ဆင်ထားပြီး 240Hz Refresh Rate ကြောင့် မျက်နှာပြင် တုန့်ပြန်မှု အရမ်း ကောင်းပါတယ်။ 1080p+ Resolution ထောက်ပံ့ထားပြီး 19.5:9 Aspect Ratio ဖြစ်ပါတယ်။ မျက်နှာပြင်အောက်မှာ လက်ဗွေရာ ကိရိယာမြှပ်နှံထားပြီး မျက်နှာပြင်ကို Gorilla Glass Victus နဲ့ ကာကွယ်ထားပါတယ်။

The Sharp Aquos zero6 is one of the lightest 5G smartphones in the world

Snapdragon 750G Chipset မောင်းနှင်ထားပြီး X52 5G Modem က sub-6 GHz နဲ့ mmWave ကွန်ရက် ၂ ခုစလုံးကို ထောက်ပံ့ပါတယ်။ 8GB LPDDR4X RAM နဲ့ 128GB UFS 2.2 Storage ထည့်သွင်းထားပြီး Android 11 မောင်းနှင်ထားပါတယ်။ microSD Slot ပါတဲ့အတွက် Storage ကို တိုးမြှင့်နိုင်ပါတယ်။

Sharp unveils Aquos zero6 with 240Hz IGZO OLED display, one of the lightest 5G phones in the world

ကင်မရာတွေအကြောင်းပြောရရင် အနောက်ဘက်မှာ 48MP Main, 8MP Telephoto (2x Zoom) နဲ့ 8MP Ultrawide ကင်မရာတွေနဲ့အတူ 3D ToF Sensor ၁ လုံး၊ Laser Autofocus System တွေပူးတွဲထားပါတယ်။ Sharp က Wide Dynamic Range ထောက်ပံ့တဲ့ နောက်ဆုံးထုတ် ProPix3 Image Processing Engine ထည့်သွင်းထားပါတယ်။

Sharp unveils Aquos zero6 with 240Hz IGZO OLED display, one of the lightest 5G phones in the world

Sharp Aquos zero6 မှာ USB Power Delivery ပါတဲ့ 4,010mAh ဘက်ထရီ ထည့်သွင်းထားပေမယ့် Fast Charging မပါပါဘူး။ အားအပြည့်သွင်းဖို့ဆိုရင် ၂ နာရီနဲ့ ၁၀ မိနစ် ကြာမြင့်မှာပါ။ IP68 စံနှုန်းပါတဲ့အတွက် ရေအောက်ထဲ နှစ်မြှပ်သုံးနိုင်သလို ဖုန်မဝင်အောင်ကာကွယ်ပေးနိုင်ပါတယ်။ အောက်တိုဘာလ အစောပိုင်းရောင်းချမှာ ဖြစ်ပြီး ဈေးနှုန်းကို မသိရသေးပါဘူး။

Sharp unveils Aquos zero6 with 240Hz IGZO OLED display, one of the lightest 5G phones in the world

Ref : gsmarena