Epic Games ဟာ လက်ရှိအချိန်မှာ Fortnite လိုမျိုး အောင်မြင်တဲ့ ဂိမ်းတွေကို ထုတ်လုပ်ထားတဲ့အပြင် ကိုယ်ပိုင် Epic Games Store ဟာလည်း တဖြည်းဖြည်းနဲ့ အောင်မြင်လာပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့လပိုင်းတုန်းကလည်း Epic Games Store မှာ Riot Games က ထုတ်လုပ်တဲ့ဂိမ်းတွေကိုပါ Download ရယူနိုင်ခဲ့ပါတယ်။

ဒါတင်မဟုတ်သေးဘဲ Epic Games Store ဟာ GTA V ၊ Control လိုမျိုး နာမည်ကြီးဂိမ်းတွေကိုလည်း အခမဲ့ပေးခဲ့ပါသေးတယ်။ အခုလည်း ကွန်ပျူတာဂိမ်းတွေကို စိတ်ဝင်စားတယ်ဆိုရင် ကျိန်းသေဆော့ကစားသင့်တဲ့ ဂိမ်း ၃ မျိုးကို အခမဲ့ပေးနေပြန်ပြီဖြစ်ပါတယ်။

ဒါကတော့ နာမည်ကြီး Adventure ဂိမ်းတွေဖြစ်တဲ့ Tomb Raider Trilogy ဂိမ်း ၃ မျိုးကို အခမဲ့ပေးနေတာဖြစ်ပါတယ်။ ဒါကြောင့် Tomb Raider ၊ Rise of the Tomb Raider နဲ့ Shadow of the Tomb Raider စတဲ့ ဂိမ်း ၃ မျိုးကို အခမဲ့ရယူနိုင်ပါပြီ။

ဘာပဲဖြစ်ဖြစ် အခု Tomb Raider ဂိမ်းတွေဟာ မဆော့ဖူးသေးဘူးဆိုရင်လည်း စမ်းသပ်ဆော့ကစားသင့်တဲ့ ဂိမ်းတွေထဲမှာပါဝင်ပြီး လာမယ့် ဇန်နဝါရီလ ၆ ရက်နေ့အထိပဲ အခမဲ့ရရှိမှာဖြစ်တာကြောင့် အမြန်ဆုံးရယူထားလိုက်ပါ။

Ref – Engadget