အမေရိကန် အစိုးရက နိုင်ငံလုံခြုံရေးအတွက် တရုတ် ကုမ္ပဏီ Bytedance ပိုင်တဲ့ TikTok ရဲ့ အမေရိကန် လုပ်ငန်းကို ရောင်းချဖို့ ညွှန်ကြားထားပါတယ်။ မရောင်းချရင် ဒီလ ၁၉ ရက်နေ့မှာ အမေရိကန်မှာ TikTok ကို Ban ဖြစ်ပါတယ်။ (အခု ဒီသတင်း တင်တဲ့အချိန် Ban ပြီးပါပြီ)
အဲဒီအတွက် အမေရိကန်မှာ TikTok အစားထိုးအဖြစ် RedNote (တရုတ်မှာ Xiaohongshu) လို့ ခေါ်တဲ့ App ကို သုံးစွဲသူ မြင့်မားနေပါတယ်။ အဲဒီ App ဟာ လူမှုကွန်ရက်၊ အွန်လိုင်း စတိုးနဲ့ ဗီဒီယို မျှဝေတဲ့ ဝန်ဆောင်မှုတွေကို ပေါင်းစပ်ထားတာ ဖြစ်ပြီး အမေရိကန် Apple App Store မှာ Download အများဆုံး ဖြစ်နေပါတယ်။
၂ ရက်အတွင်း Sign Up ပြုလုပ်သူ ၇၀၀,၀၀၀ ကျော် ရှိလာတဲ့ RedNote ဟာ အမေရိကန်မှာ သုံးစွဲသူများစွာ တစ်ဟုန်ထိုးရလာပါတယ်။ အမေရိကန်မှာ TikTok ကို Ban တာနဲ့ပတ်သက်ပြီး သုံးစွဲသူတွေက ဆန္ဒပြမှုတွေလည်း ရှိနေပါတယ်။ သုံးစွဲသူတွေဟာ တရုတ်က RedNote ခေါ် Xiaohongshu ကို အစားထိုးသုံးစွဲတာကလည်း ထူးခြားပါတယ်။
RedNote ကတော့ အမေရိကန် သုံးစွဲသူတွေ များပြားလာတဲ့အတွက် English Content Moderation နဲ့ ဘာသာပြန်စွမ်းရည်ကို ထည့်သွင်းပေးနေပါတယ်။