Amrit Pal Singh ဟာ ၉ လအတွင်း သူ့ရဲ့ အနုပညာလက်ရာ NFTs or Non-fungible Token ပေါင်း ၅၇ ခုကို ရောင်းချခဲ့ရာမှာ ဒေါ်လာ ၁ သန်းကျော်ရခဲ့ပါတယ်။ သူဟာ ဒီဇိုင်နာနဲ့ Illustrator အဖြစ် ၉ လကျော် ရပ်တည်ခဲ့ပြီး ဖေဖော်ဝါရီလမှာ သူ့ရဲ့ ပထမဆုံး NFTs ကို ရောင်းချခဲ့ပါတယ်။ သူငယ်ချင်း ၁ ယောက်က Singh ရဲ့ Toy Faces ကို NFTs အဖြစ် ဖန်တီးလို့ အဆင်ပြေတယ်လို့ အသိပေးခဲ့ပြီးနောက်မှာ သူဟာ NFTs တွေ စတင် ဖန်တီးခဲ့တာပါ။

Amrit Pal Singh began minting his Toy Faces NFTs in February. "Most of them are inspired by people who have inspired me," he says.

အိန္ဒိယ နိုင်ငံ နယူးဒေလီ အခြေစိုက် Singh ဟာ Foundation နဲ့ SuperRare တို့လို ဈေးကွက်တွေမှာ Toy Faces NFTs တွေကို ရောင်းချခဲ့တာ ဖြစ်ပါတယ်။ Toy Faces ဟာ လူတွေရဲ့ 3D ကာတွန်းပုံ ဖြစ်ပြီး Singh ရဲ့ Toy Faces တွေထဲမှာ Malala Yousafzai, Steve Jobs နဲ့ Frida Kahlo တို့ ပါဝင်ပါတယ်။

သူက ဖန်တီးထားတဲ့ NFTs အများစုဟာ သူ လေးစားအားကျရတဲ့ လူတွေဖြစ်တယ်လို့ ပြောပါတယ်။ Toy Faces NFTs ရဲ့ ဈေးနှုန်းက အစားစား ရှိပြီး အနည်းဆုံး 1 Ether နဲ့ ရောင်းချခဲ့ပါတယ်။ 1 Ether ဟာ လက်ရှိ ပေါက်ဈေးအရ သိန်း ၈၀ ကျော်ပါတယ်။

Amrit Pal Singh has spent over 30 ether on NFTs to display them in the metaverse. "I bought virtual galleries, land and a cafe that's basically a museum for Toy Faces and other art I collect from artists that I really admire," he says.

Singh ဟာ Toy Faces အပြင် Toy Rooms စီမံကိန်းကိုလည်း ရောင်းချခဲ့ပါတယ်။ Toy Rooms ဟာ 3D အခန်းပုံတွေ ဖြစ်ပြီး အဲဒီအထဲမှာ Disney’s “Aladdin” ရဲ့ ဂူ၊ “The Lord of the Rings” က Hobbit’s Study နဲ့ “The Simpsons” က Living Room တို့ ပါဝင်ပါတယ်။ Toy Rooms NFTs ၁ ခုရဲ့ ကြမ်းခင်းဈေးက 1.22 Ether ဖြစ်ပြီး လက်ရှိပေါက်ဈေးအရ သိန်း ၁၀၀ လောက် ရှိပါတယ်။

Singh က “ NFTs မရောင်းခင် ဒီဇိုင်နာ အဖြစ် ရပ်တည်ခဲ့တဲ့အချိန်က ဝင်ငွေကောင်းခဲ့ပေမယ့် NFTs ရောင်းရသလောက် မများခဲ့ပါဘူး။ ၃ ၊ ၄ နှစ်လောက် လုပ်စာကို ၇ လလောက်အတွင်း ရခဲ့ပါတယ်။ မယုံကြည်နိုင်လောက်အောင်ပါပဲ။ “ လို့ ပြောပါတယ်။

Ref : cnbc