ဂျပန်ရဲ့ အရုပ် ကုမ္ပဏီ MegaHouse က ကမ္ဘာ့ အသေးဆုံး ဉာဏ်စမ်း ကုဗတုံးကို ပြသလိုက်ပြီး အရမ်း သေးတဲ့အတွက် ဇာဂနာနဲ့မှ ကစားနိုင်ပါတယ်။ Guinness World Record က ကမ္ဘာ့ အသေးဆုံး ဉာဏ်စမ်း ကုဗတုံး အဖြစ် မှတ်တမ်းတင်လိုက်ပါတယ်။

The miniature cube in comparison to a standard one.

ကုဗတုံးရဲ့ မျက်နှာပြင်ကို အလူမီနီယမ်နဲ့ ပြုလုပ်ထားပြီး ၅ မီလီမီတာ( ၀.၂ လက်မ) အရွယ်အစားပဲ ရှိပါတယ်။ ကုမ္ပဏီရဲ့ ဝက်ဘ်ဆိုက်ကနေ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး နောက်နှစ် ဧပြီလမှာ ရောင်းချမှာပါ။

ဈေးနှုန်းကို ကြည့်ရင် ကစားသူတွေအတွက် မဟုတ်ဘဲ Collector တွေအတွက် ရည်ရွယ်ထုတ်လုပ်ထားတာဖြစ်ပါတယ်။ ဈေးနှုန်းက ၇၇၇,၇၇၇ ယမ်း ( ၅,၃၂၀ ဒေါ်လာ) ဖြစ်ပြီး “ ကမ္ဘာ့ အသေးဆုံး ဉာဏ်စမ်း ကုဗတုံး” လို့ ကြေညာထားတဲ့ Stand တစ်ခု ထည့်သွင်းပေးထားပါတယ်။

World's Smallest Rubik's Cube - The Wacky Company

ကုဗတုံးရဲ့ အလေးချိန်ဟာ ၀.၃ ဂရမ် ( ၀.၀၁ အောင်စဝန်းကျင်) ဖြစ်ပြီး မူလ ကုဗတုံးရဲ့ အရွယ်အစားထက် အဆ ၁,၀၀၀ ပိုကြီးပါတယ်။ မူလကုဗတုံးရဲ့ မျက်နှာပြင်ဟာ ၂.၂ လက်မ ဝန်းကျင်ရှိပါတယ်။

MetaHouse က အဲဒီ ကုဗတုံးကို လွန်ခဲ့တဲ့ ၄ နှစ်အကြာက စတင် စိတ်ကူးပုံဖော်ခဲ့ပြီး ၂၀၂၂ ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့တယ်လို့ CNN ကို ပြောပါတယ်။

Ref: cnn