Automated Teller Machines (ATMs) စက်တွေထဲက ဒေါ်လာ ၅,၇၀၀ ခိုးယူမှုကြောင့် Texas မှ Lubock မှာ အမျိုးသား ၃ ယောက်ကို ဖမ်းဆီးထားပါတယ်။
အဲဒီလူတွေဟာ ATM စက်တွေရဲ့ လုံခြုံရေးကို ကျော်ဖြတ်ဖို့ Raspberry Pi (ကွန်ပြူတာ အသေးလေး) ကို အသုံးပြုခဲ့ပြီး ငွေတွေကို ခိုးယူခဲ့ကြပါတယ်။ West Texas ဧရိယာက ATM များစွာမှာ အခုလို ခိုးယူခဲ့ကြတာပါ။
ခိုးယူတဲ့ ဖြစ်စဉ် အသေးစိတ်ကို မသိရသေးပေမယ့် အဲဒီ သံသယရှိသူ ၃ ယောက်ကို ဩဂုတ်လ ၃ ရက်နေ့က ဖမ်းဆီးခဲ့တာပါ။ အဲဒီလူ ၃ ယောက်ရဲ့ အမည်က Abel Vades, Yordanesz Sanchez နဲ့ Carlos Herera-Ruiz တို့ ဖြစ်ပြီး ဟိုတယ် ၁ ခုမှာ သူတို့ကို ဖမ်းဆီးခဲ့တာပါ။
သူတို့ဆီကနေ Raspberry Pi ၂ လုံးကို သိမ်းဆည်းမိခဲ့ပြီး သူတို့ဟာ ATM ရဲ့ လုံခြုံရေးကို ကျော်ဖြတ်ကာ ငွေထည့်ထားတဲ့ အခန်းကို ရောက်ရှိအောင် Raspberry Pi ကို အသုံးပြုခဲ့ကြပါတယ်။
သူတို့ အသုံးပြုခဲ့ကြတဲ့ Raspberry Pi အမျိုးအစားကို မသိရသေးသလို ခိုးယူမှုဖြစ်စဉ် အသေးစိတ်ကိုလည်း မသိရသေးပါဘူး။ သူတို့ဟာ ATM စက်ရဲ့ လုံခြုံရေးကို ဘယ်လို ကျော်ဖြတ်ခဲ့ကြသလဲ ဆိုတာကိုလည်း မသိရသေးပါဘူး။
ATM စက်တွေမှာ အားကောင်းတဲ့ လုံခြုံရေး စနစ်ကို ထည့်သွင်းထားကြပေမယ့် သူခိုးတွေကတော့ နည်းပညာ အသစ်တွေကို ရှာဖွေကာ ခိုးယူနေကြပါတယ်။
Ref : gizmochina