အမေရိကန် လွှတ်တော်က အမေရိကန် ကုမ္ပဏီကို မရောင်းရင် TikTok ရဲ့ အမေရိကန် လုပ်ငန်းကို ပိတ်မယ်လို့ ညွှန်ကြားခဲ့ပါတယ်။ ဒါပေမယ့် သမ္မတ ဒေါ်နယ်ထရမ့်က TikTok ကို ၇၅ ရက် သက်တမ်းတိုးပေးခဲ့ပါတယ်။ အခုတော့ သူက နောက်ထပ် ၇၅ ရက် သက်တမ်းတိုးပေးလိုက်ပါတယ်။
အဲဒီအတွက် TikTok ဟာ အမေရိကန် ပြည်ထောင်စု မန်ဟတ်တန်မှာ အဓိက ကြော်ငြာရှင်တွေကို ဖိတ်ကြားခဲ့ပြီး TikTok ရဲ့ အနာဂတ်ကို တင်ပြခဲ့ပါတယ်။ TikTok ရဲ့ ကမ္ဘာ့ စီးပွားရေး ဌာနမှ ဒုတိယ ဥက္ကဌ Khartoon Weiss က TikTok ဟာ အမေရိကန်မှာ ဆက်လက်ရှင်သန်ဦးမယ်လို့ အဲဒီပွဲမှာ ပြောကြားခဲ့ပါတယ်။
TikTok ရဲ့ ယခင် သက်တမ်းဟာ ဇွန်လမှာ ကုန်ဆုံးမှာ ဖြစ်ပြီး ထရမ့်က အခုတော့ နောက်ထပ် သက်တမ်းတိုးပေးလိုက်တာ ဖြစ်ပါတယ်။
Weiss က TikTok ကို Google Search Engine လိုမျိုး သုံးတဲ့သူ ပိုများလာတယ်လို့ ပြောပါတယ်။ TikTok ကို အမေရိကန် တစ်နိုင်ငံထဲမှာပဲ သုံးစွဲသူ သန်း ၁၇၀ ရှိပါတယ်။
Amazon ကနေ Microsoft အထိ TikTok ကို ဝယ်ယူဖို့ စိတ်ဝင်စားနေတဲ့ အမေရိကန် ကုမ္ပဏီကြီးများစွာ ရှိပါတယ်။ TikTok ကတော့ အမေရိကန် ကုမ္ပဏီကို ရောင်းချမယ့် စကားကို လုံးဝ မဟသေးပါဘူး။
Ref : Gsmarena