Samsung Galaxy S22 Series ဟာ One UI 5 Stable Version ကို အစောဆုံးရတဲ့ ဖုန်းတွေ ဖြစ်လာပြီး တခြား Galaxy မော်ဒယ်များစွာဟာလည်း မကြာခင် Beta Stage ကနေ ကျော်လွန်ပြီး Android 13 ကို ရတော့မှာပါ။ အခုတော့ One UI 5 ရမယ့် Device စာရင်းနဲ့ အချိန်ထွက်လာပြီ ဖြစ်ပါတယ်။

October
Galaxy S22
Galaxy S22+
Galaxy S22 Ultra

November
Galaxy Z Fold4
Galaxy Z Flip4
Galaxy Z Fold3
Galaxy Z Flip3
Galaxy S21
Galaxy S21+
Galaxy S21 Ultra
Galaxy Note 20
Galaxy Note 20 Ultra
Galaxy S20
Galaxy S20+
Galaxy S20 Ultra
Galaxy Tab S8
Galaxy Tab S8+
Galaxy Tab S8 Ultra
Galaxy Tab S7
Galaxy Tab S7+
Galaxy A53 5G
Galaxy A33 5G

December
Galaxy Z Fold2
Galaxy Z Flip 5G
Galaxy Z Flip
Galaxy S20 FE
Galaxy S7 FE
Galaxy S6 Lite
Galaxy A52s 5G
Galaxy A51 5G
Galaxy A42 5G
Galaxy A32

January 2023
Galaxy Tab A7
Galaxy Tab A7 Lite
Galaxy Tab Active3
Galaxy A23
Galaxy A13
Galaxy M12
Galaxy Xcover 5

February 2023
Galaxy Tab Active4 Pro

စာရင်းမှာ မပါလာတာက Galaxy S21 FE ဖြစ်ပြီး S20 FE ပါလာတဲ့အတွက် S21 FE အတွက်ကိုလည်း နောက်ပိုင်းမှာ ဖြန့်ချိပေးနိုင်ပါတယ်။

ဒီစာရင်းထွက်လာတဲ့ ကိုရီးယားက သတင်းအရင်းအမြစ်က 4G နဲ့ 5G မော်ဒယ်တွေကို ခွဲခြား မဖော်ပြထားပါဘူး။ ဒါဟာ နိုင်ငံအလိုက် ရောင်းချမှု အပေါ် မူတည်ပါတယ်။ ဥပမာ အနေနဲ့ Galaxy A23 5G ကို တောင်ကိုရီးယားမှာ မရောင်းထားဘဲ 4G မော်ဒယ်ပဲ ရောင်းထားပါတယ်။ Carrier Version တွေဟာလည်း Android 13 ရဖို့ နောက်ကျမှာပါ။

Ref : gsmarena