တရုတ်ဟာ စမတ် စက်ရုပ်တွေကို နိုင်ငံတော် ဦးစားပေးအနေနဲ့ ထုတ်လုပ်နေတဲ့အတွက် အမေရိကန် ထိပ်တန်း စက်ရုပ် ကုမ္ပဏီတွေက သူတို့ကို ကူညီထောက်ပံ့ပေးဖို့ အစိုးရကို တောင်းဆိုလိုက်ပါတယ်။

 

Tesla, Boston Dynamics နဲ့ Agility Robotics တို့က အစိုးရ ဥပဒေ ပြဌာန်းသူတွေနဲ့ တွေ့ဆုံပြီး သူတို့ရဲ့ စက်ရုပ်တွေကို ပြသခဲ့သလို ကမ္ဘာမှာ အမေရိကန် စက်ရုပ် ကုမ္ပဏီတွေ အောင်မြင်နိုင်ဖို့ အစိုးရရဲ့ ထောက်ပံ့ကူညီမှုတွေကို တောင်းဆိုလိုက်ပါတယ်။

Top Robotics Stocks to Buy in 2025 | The Motley Fool

Advancing Automation အဖွဲ့အစည်းက ထောက်ပံ့ထားတဲ့ အဖွဲ့က တရုတ်ဟာ စက်ရုပ်နဲ့ AI ကို နိုင်ငံအဆင့် ဦးစားပေးလုပ်ဆောင်နေပြီး အစိုးရရဲ့ ကူညီထောက်ပံ့မှုများစွာ ရထားတယ်လို့ ပြောပါတယ်။ အမေရိကန် အစိုးရက ဒီလိုမျိုးကူညီထောက်ပံ့မှုတွေ မရှိဘူးလို့ ပြောပြီး အမေရိကန်ရဲ့ စက်ရုပ်နဲ့ AI နည်းပညာဟာ နောက်ကောက်ကျသွားနိုင်တယ်လို့ ပြောပါတယ်။

Advancing Automation အဖွဲ့အစည်းက အမေရိကန် ကုမ္ပဏီတွေ ကြီးထွားလာအောင် နိုင်ငံအဆင့် နည်းဗျူဟာ ချမှတ်ရမှာ ဖြစ်တယ်လို့ ပြောပါတယ်။

Ref : Technology Innovation