Honor က X9c ကို ကြေညာလိုက်ပြီး ကုမ္ပဏီရဲ့ အကြမ်းခံဆုံး ဖုန်းလို့ ကြွေးကြော်လိုက်ပါတယ်။ Honor X9c ဟာ ၂ မီတာ (၆.၆ ပေ) အမြင့် ကနေ ပြုတ်ကျတာကို ခံနိုင်ပြီး အပြင်ပိုင်းဟာ ခြစ်ရာကို အံတုနိုင်ပါတယ်။ အလွန်ပြင်းထန်တဲ့ အပူချိန် -30°C ကနေ 55°C (-22°F ကနေ 131°F) အတွင်း အလုပ်လုပ်နိုင်ပါတယ်။

Tough Honor X9c unveiled with 6,600mAh battery and 108MP camera

IP65M ရေစိုခံစံနှုန်း ထည့်သွင်းထားပြီး ၃၆၀ ဒီဂရီ ကာကွယ်ပေးနိုင်ပါတယ်။ Honor ဟာ IP69 စံနှုန်းဖုန်းတွေ ရောင်းချထားပေမယ့် အခုလို အကြမ်းခံစံနှုန်းများစွာ ထည့်သွင်းထားတာကြောင့် Honor X9c ဟာ အားလုံးထဲမှာ အကြမ်းခံဆုံး ဖြစ်နေပါတယ်။

Tough Honor X9c unveiled with 6,600mAh battery and 108MP camera

အဲဒီဖုန်းရဲ့ နောက်ထပ် အမိုက်စား အစိတ်အပိုင်းက 6,600mAh Battery ဖြစ်ပြီး X9b ရဲ့ 5,800mAh Battery ထက် 800mAh ပိုများနေပါတယ်။ အားသွင်းနှုန်း ပိုကောင်းလာပြီး 66W အထိ ထောက်ပံ့ပေးထားပါတယ်။ အွန်လိုင်း ဗီဒီယို ကြည့်ရင် ၂၆ နာရီ ခံပါတယ်။

Tough Honor X9c unveiled with 6,600mAh battery and 108MP camera

Honor X9c ရဲ့ ကျန်တဲ့ Specs တွေဟာ X9b နဲ့ များစွာ တူညီပါတယ်။ အဲဒီဖုန်းမှာ 6.78” Curved OLED 1224x2700p Display တပ်ဆင်ထားပြီး 4,000 Nits Brightness ထောက်ပံ့ထားပါတယ်။ အနောက်ဘက်မှာ 108MP (OIS, 4K Video Recording), 5MP Ultrawide နဲ့ အရှေ့ဘက်မှာ 16MP ကင်မရာ တပ်ဆင်ထားပါတယ်။

5G ဖုန်း ဖြစ်ပြီး Snapdragon 6 Gen 1 Chip မောင်းနှင်ထားပါတယ်။ 8/256GB, 12/256GB နဲ့ 12/512GB ထုတ်လုပ်ထားပြီး Android 14 အခြေပြု MagicOS 8.0 ပါပါတယ်။ မလေးရှားမှာ 12/256GB ကို ၃၄၅ ဒေါ်လာနဲ့ စင်ကာပူမှာ ၃၄၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။

Ref : gsmarena