ကိုယ့်စိတ်ကြိုက် ဓါတ်ပုံ၊ Video အမှတ်တရတွေကို Post အစား ၂၄ နာရီပဲ ကြည့်ရှုနိုင်တဲ့ Stories Feature ဟာ လက်ရှိအချိန်မှာ လူသုံးအများဆုံး Social Media Feature တစ်ခုလို့တောင် ပြောနိုင်နေပါပြီ။ အဆိုပါ Stories Feature ကို Snapchat က စတင်ခဲ့ပေမယ့် Instagram မှာပိုအောင်မြင်ခဲ့ပြီး အခုလည်း Facebook ၊ Messenger မှာပါ အသုံးပြုနိုင်နေပြီဖြစ်ပါတယ်။

ဒီလိုမျိုး Instagram အပါအဝင် Facebook ဟာ Snapchat ရဲ့ Stories Feature ကို ကူးယူပြီး ပိုမိုအောင်မြင်အောင် လုပ်နိုင်ခဲ့ပေမယ့် Twitter ကတော့ လက်လျော့လိုက်ပြီဖြစ်ပါတယ်။ ဒါကတော့ Twitter ရဲ့ ကိုယ်ပိုင် Stories လို့ပြောရမယ့် Fleets Feature ကို အပြီးတိုင်ရပ်ဆိုင်းတော့မယ်လို့ ကြေညာလိုက်တာပဲဖြစ်ပါတယ်။

ဘာကြောင့်ဒီလိုမျိုး Twitter Fleets Feature ကို ရပ်ဆိုင်းလိုက်ရသလဲဆိုရင် လူတွေက အသုံးပြုမှုမရှိသလောက်နည်းပါးနေတာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။ ဒါကလည်း Instagram Stories ကို အသုံးပြုရတာက ရိုးရှင်းလွယ်ကူပြီး နှစ်သက်သလို Create လုပ်နိုင်ပေမယ့် Twitter Fleets မှာ လုပ်ဆောင်နိုင်တဲ့အချက်တွေ ကန့်သတ်ထားတာကြောင့်ဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် Twitter ရဲ့ ကြေညာချက်အရတော့ Fleets Feature ဟာ လာမယ့် သြဂုတ်လ ၃ ရက်နေ့အထိပဲ အသုံးပြုနိုင်မှာဖြစ်ပြီး အဲ့ဒီနောက်ပိုင်းမှာတော့ လုံးဝပျောက်ကွယ်သွားမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း Tweet ပြုလုပ်တဲ့အချိန်မှာ Fleets ထဲက Feature တွေဖြစ်တဲ့ Full Screen Camera ၊ Text Formatting Option ၊ GIF Sticker တွေကိုပါ အသုံးပြုနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

Ref – GSM Arena