[Unicode]

Uber ရဲ့ မောင်းသူမဲ့ ကားတွေကို မကြာခင်မှာ ဝါရှင်တန် ဒီစီရဲ့ လမ်းမတွေပေါ်မှာ မြင်ရတော့မှာပါ။ Uber က အဲဒီမှာ မောင်းသူမဲ့ ကားတွေကို စမ်းသပ်မှာဖြစ်ပြီး ဒေတာတွေ ကောက်ယူမယ်လို့ ကြေညာလိုက်ပါတယ်။ ဒါပေမယ့် Autonomous Mode နဲ့ စမ်းသပ်မှာ မဟုတ်ဘဲ လူသား ယာဉ်မောင်းက ထိန်းချုပ်ထားမှာဖြစ်ပြီး မြေပုံ ဒေတာတွေ ကောက်ယူတာနဲ့ စမ်းသပ်မောင်းနှင်တာတွေ ပြုလုပ်မှာပါ။

Uber ရဲ့ အဆင့်မြင့် နည်းပညာ အဖွဲ့က “ အစောပိုင်းမှာ လူသား ယာဉ်မောင်းတွေနဲ့ ဒေတာတွေ ကောက်ယူမှာဖြစ်ပြီး နောက်ပိုင်းမှာ Autonomous Mode နဲ့ ဝါရှင်တန် ဒီစီမှာ စမ်းသပ်မှာဖြစ်ပါတယ်။ အများသုံး လမ်းမတွေမှာ ဘေးအန္တရာယ်ကင်းအောင် စမ်းသပ်မှာပါ။ “ လို့ ပြောပါတယ်။

၂၀၁၈ မတ်လမှာ Uber ရဲ့ မောင်းသူမဲ့ ကား ၁ စီးဟာ အရီဇိုးနား ပြည်နယ်၊ တန်ပီမှာ မတော်တဆမှု ၁ ခုဖြစ်ပွားခဲ့ပြီးနောက်မှာ ကုမ္ပဏီက ပိုပြီး အန္တရာယ်ကင်းအောင် ပြုလုပ်နေပါတယ်။ အဲဒီဖြစ်ရပ်မှာ စောင့်ကြည့်သူ ယာဉ်မောင်း ၁ ယောက်ပါလာခဲ့ပေမယ့် လမ်းလျှောက်နေတဲ့ အသက် ၄၉ နှစ်အရွယ် အမျိုးသမီးဟာ ကားတိုက်မိပြီး သေဆုံးသွားခဲ့ပါတယ်။ ကာလရှည်ကြာ စုံစမ်းပြီးနောက်မှာ National Transportation Safety Board က Uber ၊ ယာဉ်မောင်းနဲ့ လမ်းလျှောက်သူ အားလုံးမှာ အပြစ်ကိုယ်စီရှိတယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။

Uber ဟာ အဲဒီဖြစ်ရပ်ပြီးနောက် ၉ လအကြာမှာ မောင်းသူမဲ့ ကားတွေကို Pittsburgh က ကားကွင်းထဲမှာ ပြန်လည် စမ်းသပ်နိုင်ခဲ့ပါတယ်။ Uber ဟာ ဆန်ဖရန်စစ္စကို ၊ ဒဲလ်လက်စ်နဲ့ တိုရွန်တို အပါအဝင် တခြား မြို့ ၃ မြို့မှာလည်း ဒေတာတွေ ကောက်ယူနေပါတယ်။ ဝါရှင်တန် ဒီစီမှာ မောင်းသူမဲ့ ကားတွေ စမ်းသပ်တာ Uber ကုမ္ပဏီ ၁ ခုထဲ မဟုတ်ပါဘူး။ Ford နဲ့ Volkswagen တို့ ထောက်ပံ့ထားတဲ့ Argo ကလည်း ၂၀၁၈ ကတည်းက အဲဒီမှာ စမ်းသပ်နေတာပါ။

Ref : theverge

[Zawgyi]

Uber က ေမာင္းသူမဲ့ ကားေတြကို ဝါရွင္တန္ ဒီစီမွာ စမ္းသပ္မည္

Uber ရဲ႕ ေမာင္းသူမဲ့ ကားေတြကို မၾကာခင္မွာ ဝါရွင္တန္ ဒီစီရဲ႕ လမ္းမေတြေပၚမွာာ ျမင္ရေတာ့မွာပါ။ Uber က အဲဒီမွာ ေမာင္းသူမဲ့ ကားေတြကို စမ္းသပ္မွာျဖစ္ၿပီး ေဒတာေတြ ေကာက္ယူမယ္လို႔ ေၾကညာလိုက္ပါတယ္။ ဒါေပမယ့္ Autonomous Mode နဲ႔ စမ္းသပ္မွာ မဟုတ္ဘဲ လူသား ယာဥ္ေမာင္းက ထိန္းခ်ဳပ္ထားမွာျဖစ္ၿပီး ေျမပုံ ေဒတာေတြ ေကာက္ယူတာနဲ႔ စမ္းသပ္ေမာင္းႏွင္တာေတြ ျပဳလုပ္မွာပါ။

Uber ရဲ႕ အဆင့္ျမင့္ နည္းပညာ အဖြဲ႕က “ အေစာပိုင္းမွာ လူသား ယာဥ္ေမာင္းေတြနဲ႔ ေဒတာေတြ ေကာက္ယူမွာျဖစ္ၿပီး ေနာက္ပိုင္းမွာ Autonomous Mode နဲ႔ ဝါ႐ွင္တန္ ဒီစီမွာ စမ္းသပ္မွာျဖစ္ပါတယ္။ အမ်ားသုံး လမ္းမေတြမွာ ေဘးအႏၲရာယ္ကင္းေအာင္ စမ္းသပ္မွာပါ။ “ လို႔ ေျပာပါတယ္။

၂၀၁၈ မတ္လမွာ Uber ရဲ႕ ေမာင္းသူမဲ့ ကား ၁ စီးဟာ အရီဇိုးနား ျပည္နယ္၊ တန္ပီမွာ မေတာ္တဆမႈ ၁ ခုျဖစ္ပြားခဲ့ၿပီးေနာက္မွာ ကုမၸဏီက ပိုၿပီး အႏၲရာယ္ကင္းေအာင္ ျပဳလုပ္ေနပါတယ္။ အဲဒီျဖစ္ရပ္မွာ ေစာင့္ၾကည့္သူ ယာဥ္ေမာင္း ၁ ေယာက္ပါလာခဲ့ေပမယ့္ လမ္းေလွ်ာက္ေနတဲ့ အသက္ ၄၉ ႏွစ္အ႐ြယ္ အမ်ိဳးသမီးဟာ ကားတိုက္မိၿပီး ေသဆုံးသြားခဲ့ပါတယ္။ ကာလရွည္ၾကာ စုံစမ္းၿပီးေနာက္မွာ National Transportation Safety Board က Uber ၊ ယာဥ္ေမာင္းနဲ႔ လမ္းေလွ်ာက္သူ အားလုံးမွာ အျပစ္ကိုယ္စီရွိတယ္လို႔ ဆုံးျဖတ္ခဲ့ပါတယ္။

Uber ဟာ အဲဒီျဖစ္ရပ္ၿပီးေနာက္ ၉ လအၾကာမွာ ေမာင္းသူမဲ့ ကားေတြကို Pittsburgh က ကားကြင္းထဲမွာ ျပန္လည္ စမ္းသပ္ႏိုင္ခဲ့ပါတယ္။ Uber ဟာ ဆန္ဖရန္စစၥကို ၊ ဒဲလ္လက္စ္နဲ႔ တို႐ြန္တို အပါအဝင္ တျခား ၿမိဳ႕ ၃ ၿမိဳ႕မွာလည္း ေဒတာေတြ ေကာက္ယူေနပါတယ္။ ဝါရွင္တန္ ဒီစီမွာ ေမာင္းသူမဲ့ ကားေတြ စမ္းသပ္တာ Uber ကုမၸဏီ ၁ ခုထဲ မဟုတ္ပါဘူး။ Ford နဲ႔ Volkswagen တို႔ ေထာက္ပံ့ထားတဲ့ Argo ကလည္း ၂၀၁၈ ကတည္းက အဲဒီမွာ စမ္းသပ္ေနတာပါ။

Ref : theverge