ဘူးခွံမဖွင့်ရသေးတဲ့ ၂၀၀၇ ခုနှစ်ထုတ် ပထမမျိုးဆက် iPhone ကို အမေရိကန်မှာ ဒေါ်လာ ၅၀,၀၀၀ နဲ့ လေလံတင် ရောင်းချနေပါတယ်။ အဲဒီဖုန်းရဲ့ ပိုင်ရှင်က Karen Green ဆိုသူ ဖြစ်ပြီး ၂၀၀၇ ခုနှစ်မှာ သူငယ်ချင်းတွေက လက်ဆောင်ပေးခဲ့တာပါ။

Green ဟာ ဘူးခွံမဖွင့်ရသေးတဲ့ အသစ်စက်စက် iPhone 2G or iPhone 1 ကို ၂၀၀၇ ခုနှစ်က အလုပ်အသစ်ရတဲ့ အချိန်မှာ လက်ဆောင်ရခဲ့တာပါ။ ဒါပေမယ့် အဲဒီအချိန်တုန်းက သူမမှာ ဖုန်းလိုင်း ၃ ခုရှိပြီး Carrier ရဲ့ ကန့်သတ်ချက်ကြောင့် iPhone အသစ်ကို အသုံးပြုလို့ မရခဲ့ပါဘူး။ အဲဒီအချိန်ကတည်းက iPhone ဟာ သူမ အိမ်မှာ သောင်တင်နေခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်မှာ သူမဟာ အဲဒီဖုန်းကို ရောင်းချဖို့ ကြိုးစားခဲ့ပေမယ့် ဒေါ်လာ ၅,၀၀၀ ပဲရတဲ့အတွက် မရောင်းခဲ့ပါဘူး။ အခုတော့ သူမဟာ ဒေါ်လာ ၅၀,၀၀၀ နဲ့ ရောင်းချဖို့ ကြိုးစားနေတာပါ။

First-generation iPhone going up for auction could sell for as much as $50,000

လေလံပွဲကို LCG Auctions က ပြုလုပ်နေပြီး ဒီလ ၁၉ ရက်မတိုင်ခင်အထိ လေလံဆွဲခွင့်ပေးထားပါတယ်။ ပထမမျိုးဆက် iPhone ကို ဒီနေ့ခေတ်မှာ တန်ဖိုးကြီးကြီး ရောင်းချမှုတွေ အရင်ကလည်း ရှိခဲ့ပြီး ဒေါ်လာ ၃၀,၀၀၀ နဲ့ ၅၀,၀၀၀ အကြား ရောင်းချနေကြပါတယ်။ iPhone Fans အကြီးစားတွေက မြတ်နိုးစွာနဲ့ ဈေးကြီးကြီးပေးပြီး ဝယ်ယူလေ့ရှိကြပါတယ်။

Apple iPhone ဟာ ပထမမျိုးဆက် ကနေ လက်ရှိ မျိုးဆက်အတွင်း ကြီးမားတဲ့ တိုးတက်ပြောင်းလဲမှုများစွာ ပါလာခဲ့ပါတယ်။ အခု လက်ရှိ မော်ဒယ်က iPhone 14 Series ဖြစ်ပြီး စွမ်းရည်အမြင့်ဆုံးက iPhone 14 Pro Max ဖြစ်ပါတယ်။

Ref : gizmochina