Snapdragon 8+ Gen 1 Chipset ပါတဲ့ iQOO 10 Pro ကို ဇူလိုင်လနှောင်းပိုင်းက ကြေညာခဲ့ပြီး Vivo လက်အောက်က iQOO Brand ဟာ မျိုးဆက်သစ် ဖုန်းကို ဖန်တီးနေပြီ ဖြစ်ပါတယ်။ Digital Chat Station က iQOO 11 Pro မှာ Qualcomm ရဲ့ SM8550 ပလက်ဖောင်းကို အသုံးပြုထားမယ်လို့ ပြောတဲ့အတွက် နောက်ထွက်မယ့် Snapdragon 8 Gen 2 ဖြစ်နိုင်ပါတယ်။

IQOO 11 Coming With Snapdragon 8 Gen 2- Gizchina.com

Qualcomm ဟာ စွမ်းရည်မြင့် SoC အသစ်ကို နိုဝင်ဘာလလယ်မှာ ကြေညာဖို့ ပြင်ဆင်နေတာဖြစ်ပြီး Snapdragon 8 Gen 2 Chipset ကို ချပြမှာ ဖြစ်ပါတယ်။

Upcoming iQOO 11 will have Snapdragon 8 Gen 2 chipset, new E6 AMOLED display - GSMArena.com news

Digital Chat Station က iQOO ဖုန်း အသစ်မှာ Samsung ရဲ့  E6 AMOLED အသစ်ကို အသုံးပြုထားမှာ ဖြစ်ပြီး Punch Hole ၁ ခုပဲ ပါလာမယ်လို့ ပြောပါတယ်။ E ဟာ Energy Efficiency ကို ရည်ညွှန်းပြီး စွမ်းအင်စားသုံးမှု သက်သာစေမှာ ဖြစ်ပါတယ်။ မျက်နှာပြင်ဟာ Brightness Level ကို ချိန်ညှိပြီး စွမ်းအင် စားသုံးမှုကို သက်သာအောင် ပြုလုပ်တဲ့အတွက် ဘက်ထရီ သက်တမ်း ပိုကြာမြင့်စေပါတယ်။

iQOO 11 Pro မှာ 2K Resolution ပါလာမှာ ဖြစ်ပြီး 120Hz Refresh Rate နဲ့ 1440Hz PWM Dimming တွေ ထောက်ပံ့ထားမယ်လို့ သတင်းထွက်နေပါတယ်။

ref : gsmarena