ဒီနှစ်ထဲမှာ Apple ဟာ Antitrust Law ကို ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲမှုတွေနဲ့ပတ်သက်ပြီး အမေရိကန်မှာ တရားစွဲဆိုမှုတွေကို စတင် ရင်ဆိုင်သွားရဖွယ် ရှိနေတယ်လို့ သိရပါတယ်။ Politico ရဲ့ ဖော်ပြမှုအရ လက်ရှိအဆင့်ဟာ US Justice Department အနေနဲ့ တရားစွဲဆိုဖို့ အစောပိုင်း ပြင်ဆင်မှု ပြုလုပ်နေသေးတဲ့ အဆင့်ပဲ ရှိသေးပြီး နှစ်ကုန်ပိုင်းလောက်မှ တရားစွဲဆိုမှုကို စတင်နိုင်ကြောင်း သိရပါတယ်။

US Justice Department အနေနဲ့ Apple ကို Antitrust Law ချိုးဖောက်ကြောင်းနဲ့ တရားစွဲဆိုဖို့ ပြင်ဆင်နေတယ်ဆိုပေမဲ့ တရားရေးဌာနကတော့ အမှုဖွင့်လှစ်ဖို့ ဆုံးဖြတ်ခြင်းမရှိသေးဘူးလို့လည်း Politico က ရှင်းလင်း ပြောဆိုထားပါသေးတယ်။ “သူတို့အနေနဲ့ အခုထိတော့ ဒီအမှုကို စတင်နိုင်ခြင်းမရှိသေးတာ ဖြစ်နိုင်ပါတယ်” လို့ သတင်းရင်းမြစ်က ဆိုပါတယ်။

လက်ရှိအချိန်မှာတော့ Department of Justice ဟာ လိုအပ်တဲ့ သတင်းအချက်အလက်တွေကို စုဆောင်းနေတုန်း ဖြစ်ပါတယ်။ သမားရိုးကျအမှုအဖြစ် Anti-competitive behavior အနေနဲ့ပဲ Apple ကို အမှုတွဲ ဖွင့်လှစ်ဖွယ်ရှိပါတယ်။ DOJ ရဲ့ စုံစမ်းစစ်ဆေးမှုဟာ အစောပိုင်းက App Store ကို အာရုံစိုက်ခဲ့တယ်လို့ သတင်းထွက်ပေါ်ခဲ့ပေမဲ့လည်း အခုတော့ စုံစမ်းစစ်ဆေးသူတွေက အမှားအယွင်းဖြစ်နိုင်ခြေကို ရှာဖွေတာတွေလည်း တိုးချဲ့ထည့်သွင်းလာခဲ့တယ်လို့ သိရပါတယ်။

Apple ရဲ့ လုပ်ငန်းအားလုံးကိုလည်း ထည့်သွင်းစဉ်းစားလာခဲ့ပြီး “ကုမ္ပဏီအနေနဲ့ သူ့ရဲ့ Physical devices တွေကို ထိန်းချုပ်ခြင်းဟာ App developers တွေထက် အခြားပြိုင်ဘက်တွေကို ထိခိုက်စေလား” ဆိုတဲ့ မေးခွန်းလည်း ပါဝင်လာပါတယ်။ စုံစမ်းစစ်ဆေးမှုဟာ Tile နဲ့ Spotify တို့လို ကုမ္ပဏီတွေရဲ့ Public complaints တွေပေါ် အခြေခံတည်ဆောက်ထားတယ်လို့ ဆိုနိုင်ပါတယ်။

Apple ရဲ့ platform ထိန်းချုပ်ခြင်းဟာ Apple Music နဲ့ AirTag တို့အတွက် အခြားဈေးကွက် Player တွေထက် တရားမျှတမှုမရှိတဲ့ အားသာချက်ကို ပေးတာလည်း ဖြစ်ပါတယ်။ ဒီစုံစမ်းစစ်ဆေးမှုကို ဆန်ဖရန်စစ္စကို တရားရေးဌာနက ရှေ့နေတွက ဦးဆောင်နေတယ်လို့ Politico သတင်းရင်းမြစ်တွေက ပြောပါတယ်။

Apple ကို တရားရေးဌာနက Antitrust Law ချိုးဖောက်မှုနဲ့ တရားစွဲဆိုခြင်းဟာ Epic Games နဲ့ သူ့ရဲ့တရားစွဲဆိုမှု ရလဒ်ပေါ်မျာ အများကြီးမူတည်နေတယ်လို့ Politico က ပြောပါတယ်။ Apple မှာ လက်ဝါးကြီးအုပ်ခြင်းမရှိကြောင်း ပြည်ထောင်စု တရားသူကြီးက ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမဲ့ အချို့သော အခြေအနေတွေမှာ Third party တွေရဲ့ လုပ်ဆောင်ချက်တွေကိုကို တရားမျှတမှုမရှိစွာ ကန့်သတ်ထားတာလည်း ဖြစ်ပါတယ်။

Ref: Gizchina