ဈေးကွက် သုတေသန အဖွဲ့အစည်း TradingPlatforms က အမေရိကန် စမတ်နာရီဈေးကွက်ဟာ ၂၀၂၁ ခုနှစ် အကုန်မှာ ဒေါ်လာ ၁၀ ဘီလီယမ်အထိ ရှိလာမှာ ဖြစ်ပြီး နောက်ငါးနှစ်ကျော်အထိ ဆက်လက်တိုးတက်လာမယ်လို့ ခန့်မှန်းလိုက်ပါတယ်။ ၂၀၂၅ ခုနှစ်အရောက်မှာ ဒေါ်လာ ၁၄ ဘီလီယမ်အထိ ရှိလာမယ်လို့ တွက်ဆထားပါတယ်။
စစ်တမ်းမှာ တခြား စိတ်ဝင်စားစရာကောင်းတဲ့ သတင်းအချက်အလက်တွေလည်း တွေ့ရပါတယ်။ တရုတ်ဟာ စမတ်နာရီ ဈေးကွက်ကို ဒေါ်လာ ၁၂ ဘီလီယမ်နဲ့ ဦးဆောင်နေပြီး အဲဒီနောက်မှာ အမေရိကန်က ဒေါ်လာ ၁၀ ဘီလီယမ်နဲ့ ကပ်လိုက်နေပါတယ်။ ဂျပန်၊ ပြင်သစ်နဲ့ တောင်ကိုရီးယားတို့ကတော့ ဒေါ်လာ ၁ ဘီလီယမ်အောက်ပဲ ရောင်းချရပါတယ်။
စစ်တမ်းက အမေရိကန်မှာ စမတ်နာရီ ပိုင်ဆိုင်သူတွေ တောက်လျှောက်တိုးတက်လာတယ်လို့ ပြောပါတယ်။ ၂၀၂၀ နဲ့ ၂၀၂၁ ခုနှစ်အတွင်းမှာ စမတ်နာရီ ပိုင်ဆိုင်သူတွေဟာ ၃၂ ကနေ ၃၇ သန်း အတွင်း ရှိလာမယ်လို့ တွက်ချက်ထားပါတယ်။ ၂၀၂၂ ခုနှစ်မှာ သန်း ၄၀ နီးပါးနဲ့ ၂၀၂၅ ခုနှစ်မှာ ၄၃ သန်း အထိ ရှိလာမှာပါ။
ဒါပေမယ့် တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ စမတ်နာရီ ပိုင်ဆိုင်မှုကတော့ အမေရိကန်ထက် နည်းနေပါသေးတယ်။ ၂၀၂၁ ခုနှစ်မှာ ၁၁.၃ ရာခိုင်နှုန်းပဲရှိမယ်လို့ ခန့်မှန်းထားပြီး ဒီလို ဖြစ်ရတာက စမတ်နာရီ တစ်လုံးရဲ့ ပျမ်းမျှဈေးဟာ ၂၇၆ ဒေါ်လာတောင်ရှိနေသေးလို့ပါ။ လာမယ့် ငါးနှစ်အတွင်းမှာ ၃၂၅ ဒေါ်လာ အထိ ရှိလာနိုင်တယ်လို့ တွက်ချက်ထားပါတယ်။
Ref : gsmarena