Valve ကုမ္ပဏီဟာ သူတို့ရဲ့ Dota 2 ဂိမ်းရဲ့ 2020 အတွက် Battle Pass နဲ့ပတ်သက်ပြီး Level တင်ရတာ ခက်ခဲကြောင်းဝေဖန်မှုတွေ များပြားခဲ့တာကြောင့် အတော်လေးလိုက်လျောပေးထားတဲ့ Update တစ်ခုကို မကြာခင်က ထုတ်ပြန်ပေးခဲ့ပါတယ်။

ဒါပေမယ့် Dota 2 ကွန်မြူနတီထဲက အချက်အလက်ရှာဖွေသူအချို့ကတော့ Valve အပေါ် မကျေနပ်မှုတွေ ဆက်လက်ဖော်ပြနေဆဲဖြစ်ပြီး တစ်ချို့က လောဘကြီးသူ လို့တောင် ခေါ်ဝေါ်ခဲ့ကြပါတယ်။ ပိုက်ဆံပေးပြီး Level အများအပြား တင်ထားတဲ့ ကစားသမားတွေက အခုနှစ်အတွက် Battle Pass ကနေပေးတဲ့ Immortal Treasure Box အရေအတွက်ဟာ အရင်နှစ်တွေထက် သိသာစွာလျော့နေတယ်လို့ ပြောဆိုခဲ့ကြပြီး အခုအချက်အလက်အရ သူတို့ပြောတာ မှန်နေတာကို တွေ့ရမှာပါ။

ဒီပုံထဲကအတိုင်း တိုက်ကြည့်မယ်ဆိုရင် အခုနှစ်မှာ Valve ရဲ့ Battle Pass ဟာ Level 1000 ထိ တင်ထားတဲ့သူကို ပေးနေကြ Treasure Box အရေအတွက် စုစုပေါင်းထက် သိသိသာသာကြီးလျော့ပေးထားတာကို မြင်ရမှာဖြစ်ပါတယ်။

ဒါတင်မကသေးဘဲ Side Shop စနစ်ကို ထည့်သွင်းထားပြီး Immortal တွေကို Recycle လုပ်ခိုင်းတာကလည်း အရင်တုန်းကလို Level တက်ဖို့ Recycle လုပ်ရတာနဲ့ယှဉ်လိုက်ရင် Level များတဲ့သူတွေက သူတို့မှာရှိတဲ့ Immortal Treasure တွေနဲ့ Level တင်လို့ မရတော့တာကြောင့် အရင်နှစ်တွေထက် Level နည်းသွားမှာဖြစ်တာကြောင့် နောက်တစ်မျိုး ထိခိုက်စေမှာပါ။ အရင်နှစ်တွေလို Level ဘယ်လောက်မှာ Treasure 1, 2, 3 ပုံးအရေအတွက် ဘယ်လောက်စီဆိုပြီး ပေးတာလဲ မတွေ့ရပါဘူး။

Reddit သုံးစွဲသူ ethrzcty ဆိုသူကလည်း အခုနှစ်မှာ Immortal Treasure တွေထဲက Chance နဲ့သာ ကျနိုင်တဲ့ Rare Immortal တွေရဲ့ ရရှိမှုနှုန်းကိုပါ အရင်နှစ်ကထက် လျော့ချထားကြောင်း အချက်အလက်နဲ့ ထုတ်ဖော်လာခဲ့ပါတယ်။ ဒါ့ကြောင့် Battle Pass Level ရာနဲ့ချီပြီး တင်ထားသူတွေအနေနဲ့ အရင်နှစ်ကလောက် Treasure Box တွေ မရဘူးလို့ ထင်မိနေရင် သင့်အထင်အမြင်မှန်နေတယ်လို့ ဆိုရမှာပါ။

Ref – AFKGaming