[Zawgyi]

ကမာၻတစ္ဝန္း ဒစ္ဂ်စ္တယ္ေငြေပးေခ်မႈလုပ္ငန္းနယ္ပယ္တြင္ ဦးေဆာင္ေနသည့္ Visa က “သုံးစြဲသူမ်ား၏ ေငြေပးေခ်မႈဆိုင္ရာ အေလ့အထမ်ားအေၾကာင္း” ေလ့လာဆန္းစစ္ခ်က္ (ေလ့လာဆန္းစစ္ခ်က္) မွ ထပ္မံေတြ႕ရွိခ်က္မ်ားကို ထုတ္ျပန္လိုက္ပါသည္။ ယင္းေလ့လာဆန္းစစ္ခ်က္သည္ ေငြေပးေခ်မႈႏွင့္ ထြက္ေပၚလာေသာ ေငြေပးေခ်မႈနည္းလမ္းအသစ္မ်ားႏွင့္ စပ္လ်ဥ္း၍ ျမန္မာႏိုင္ငံသားမ်ား၏ လက္ခံ နားလည္မႈ၊ သေဘာထားႏွင့္ အေလ့အက်င့္မ်ားအေၾကာင္းကို တိက်နက္နဲစြာ ေလ့လာသုံးသပ္ထားေသာ အစီရင္ခံစာ တစ္ရပ္ ျဖစ္သည္။

ေလ့လာဆန္းစစ္ခ်က္အရ ေျဖဆိုသူ ၄၂ ရာခိုင္ႏႈန္းသည္ ေငြသားကိုင္တြယ္သုံးစြဲရန္မလိုေသာ ေငြေပးေခ်မႈနည္းလမ္းမ်ားကို လာမည့္ႏွစ္အတြင္း ပိုမိုအသုံးျပဳလာၾကလိမ့္မည္ဟု ခန႔္မွန္းၾကသည္။ ေငြသားကိုင္တြယ္သုံးစြဲရန္ မလိုအပ္ေသာ ေငြေပးေခ်မႈနည္းလမ္းမ်ားကို အသုံးျပဳလိုသည့္ အဓိက အေၾကာင္းအရင္းမ်ားမွာ အဆင္ေျပလြယ္ကူျခင္း (၆၉ ရာခိုင္ႏႈန္း)၊ လုံၿခဳံစိတ္ခ်ရျခင္း (၅၈ ရာခိုင္ႏႈန္း) ႏွင့္ သုံးစြဲသူတို႔အေနျဖင့္ေငြသားသယ္ေဆာင္သြားမႈ မျပဳေတာ့ျခင္း (၅၂ ရာခိုင္ႏႈန္း) တို႔ပင္ျဖစ္သည္။

“ေငြသားကိုင္တြယ္သုံးစြဲဖို႔ မလိုအပ္ျခင္းရဲ႕ ေကာင္းက်ိဳးေတြကို ျမန္မာႏိုင္ငံသား သုံးစြဲသူအမ်ားအျပားက ပိုမိုနားလည္ သိရွိ လာတဲ့အေလ်ာက္ အီလက္ထေရာနစ္ေငြေပးေခ်မႈေတြကို လက္ခံအသုံးျပဳလိုမႈ ပိုမိုမ်ားျပားလာတာကို ေတြ႕ရွိရတဲ့အတြက္ ကြၽန္မတို႔ အလြန္ပဲ စိတ္လႈပ္ရွားမိပါတယ္။ ေငြသားကိုင္တြယ္သုံးစြဲဖို႔မလိုတဲ့အစီအစဥ္ အထေျမာက္ေအာင္ အားေပး လုပ္ေဆာင္ေနတဲ့ ဘ႑ာေရးဆိုင္ရာအသိုင္းအဝန္းနဲ႔ အစိုးရအဖြဲ႕အစည္းေတြအေနနဲ႔လည္း အီလက္ထေရာနစ္ ေငြေပး ေခ်မႈေတြအေပၚ စိတ္ဝင္စားမႈ ပိုမိုျမႇင့္တက္လာတဲ့အခ်က္ကို အသိအမွတ္ျပဳလာၾကပါၿပီ။ အခုလို ေငြသားကိုင္တြယ္ သုံးစြဲျခင္းကေန အီလက္ထေရာနစ္ေငြေပးေခ်မႈဆီ အသြင္ေျပာင္းလဲလာတာဟာ လူတိုင္းအတြက္ အက်ိဳးအျမတ္ ေျမာက္ျမားစြာ ျဖစ္ထြန္းေစတယ္လို႔ ကြၽန္မတို႔ ယုံၾကည္ပါတယ္” ဟု Visa Myanmar ၏ Country Manager ျဖစ္သူ Lillian Wang က ေျပာၾကားခဲ့ပါသည္။

ဤေလ့လာဆန္းစစ္ခ်က္အရ ေငြသားကိုင္တြယ္သုံးစြဲရန္မလိုအပ္သည့္ ေငြေပးေခ်မႈနည္းလမ္းမ်ားကို အမ်ားဆုံးအသုံးျပဳမႈ ရွိရန္ ရည္႐ြယ္ထားေသာ ေနရာ ၄ ခုမွာ စူပါမားကတ္ႏွင့္ ဟိုက္ပါမားကတ္မ်ား (၆၆ ရာခိုင္ႏႈန္း)၊ ေရွာ့ပင္းေမာလ္မ်ား (၅၇ ရာခိုင္ႏႈန္း)၊ စားေသာက္ဆိုင္မ်ား (၅၂ ရာခိုင္ႏႈန္း) ႏွင့္ စတိုးဆိုင္မ်ား (၅၀ ရာခိုင္ႏႈန္း) တို႔ ျဖစ္ၾကသည္။

ျမန္မာႏိုင္ငံသားမ်ားသည္ နိစၥဓူဝေငြေပးေခ်မႈမ်ားအတြက္ ေငြသားကို အဓိကထား အသုံးျပဳၾကေသာ္လည္း ေငြသားကိုင္တြယ္သုံးစြဲမႈမျပဳရန္ တတ္ႏိုင္သေ႐ြ႕ႀကိဳးစားခဲ့သည္ဟု ေျဖၾကားခဲ့သူမွာ ယမန္ႏွစ္က ၇ ရာခိုင္ႏႈန္းသာရွိခဲ့ရာ ယခုႏွစ္တြင္မူ ၂၆ ရာခိုင္ႏႈန္း အထိ တိုးတက္လာခဲ့သည္။ ထို႔အျပင္ ယမန္ႏွစ္ကေျဖဆိုသူ ၂၅ ရာခိုင္ႏႈန္းက အခ်ိန္ကာလ တစ္လထက္ေက်ာ္လြန္၍ ေငြသားကိုင္တြယ္သုံးစြဲမႈမျပဳဘဲ ေနထိုင္သြားႏိုင္သည္ဟု ယုံၾကည္ၾကေသာ္လည္း ယခုႏွစ္တြင္မူ ၃၆ ရာခိုင္ႏႈန္းက ထိုသို႔ယုံၾကည္ႏိုင္ေၾကာင္း ေျဖၾကားခဲ့သည္။

ေငြသားကိုင္တြယ္သုံးစြဲရန္ မလိုအပ္သည့္ ေငြေပးေခ်မႈနည္းလမ္းမ်ားႏွင့္စပ္လ်ဥ္း၍ ယမန္ႏွစ္တြင္ ေျဖဆိုသူ ၁၃ ရာခိုင္ႏႈန္း ကသာ Contactless ကတ္မ်ားအေၾကာင္း သိရွိသည္ဟုေျဖၾကားခဲ့ၿပီးယခုႏွစ္တြင္မူ ယင္းကဲ့သို႔ ေျဖဆိုသူသည္ ၂၁ ရာခိုင္ႏႈန္းအထိ တိုးျမႇင့္လာခဲ့သည္။ ေျဖဆိုသူ ထက္ဝက္နီးပါးမွ် (၄၈ ရာခိုင္ႏႈန္း) သည္ ေန႔စဥ္ဝယ္ယူ သုံးစြဲမႈမ်ား အတြက္ ဤနည္းလမ္းျဖင့္ ေငြေပးေခ်မႈျပဳလုပ္ရန္ စိတ္ဝင္စားၾကသည္။Contactless ေငြေပးေခ်မႈကတ္မ်ားကို အသုံးျပဳ ရာတြင္ သုံးစြဲသူမ်ားအေနျဖင့္ မိမိတို႔ဝယ္ယူေသာ ကုန္ပစၥည္းမ်ားႏွင့္ သုံးစြဲေသာဝန္ေဆာင္မႈမ်ားအတြက္ ေငြေပးေခ်ေသာ စက္ (Payment Terminal) တြင္ ကတ္ကို ျဖတ္ရန္ သို႔မဟုတ္ ထည့္သြင္းရန္မလိုအပ္ဘဲ ကတ္မ်ားကို စက္အနီး ထိ႐ုံျဖင့္ ေငြေပးေခ်မႈ ျပဳလုပ္ႏိုင္သည္။

ျမန္မာႏိုင္ငံသား သုံးစြဲသူမ်ားအေနႏွင့္ အျခားေသာေငြေပးေခ်မႈနည္းလမ္းအသစ္မ်ားအေပၚ၌လည္း စိတ္ဝင္စားမႈရွိေၾကာင္း ေတြ႕ရွိရပါသည္။

မိုဘိုင္းလ္ဖုန္းအသုံးျပဳ Contactless ေငြေပးေခ်မႈစနစ္တြင္ သုံးစြဲသူ၏ မိုဘိုင္းလ္ဖုန္းျဖင့္ စတိုးဆိုင္မ်ားတြင္ရွိေသာ မိုဘိုင္းလ္ဖုန္းဖတ္သည့္စက္ သို႔မဟုတ္ ေငြေပးေခ်မႈစက္တြင္ Scan ဖတ္႐ုံျဖင့္ ေပးေခ်ႏိုင္သည္။ ေျဖဆိုသူ ၁၀ ဦးတြင္ ၁ ဦး က (၁၀ ရာခိုင္ႏႈန္း) မိုဘိုင္းလ္ဖုန္းအသုံးျပဳ Contactless ေငြေပးေခ်မႈအေၾကာင္း နားလည္သိရွိၾကၿပီး၊ ထက္ဝက္နီးပါးခန႔္ (၄၆ ရာခိုင္ႏႈန္း) မွာမူ ယင္းနည္းလမ္းကို အသုံးျပဳရန္ စိတ္ဝင္စားၾကသည္။ ဤနည္းလမ္းမ်ားကို အသုံးျပဳလိုျခင္း၏ အဓိကအေၾကာင္းအရင္းမ်ားမွာ လြယ္ကူအဆင္ေျပျခင္း (၈၁ ရာခိုင္ႏႈန္း)၊ ျမန္ဆန္ျခင္း (၅၀ ရာခိုင္ႏႈန္း) ႏွင့္ ေဈးနည္းသည့္ ပစၥည္းမ်ားအတြက္ အေႂကြေပးရန္ အခက္အခဲမရွိေတာ့ျခင္း (၃၆ ရာခိုင္ႏႈန္း) တို႔ပင္ျဖစ္သည္။

QR စနစ္ေငြေပးေခ်မႈနည္းလမ္းကိုအသုံးျပဳ၍ ကုန္ပစၥည္းႏွင့္ သုံးစြဲေသာဝန္ေဆာင္မႈမ်ားအတြက္ ေငြေပးေခ်ရာတြင္ မိုဘိုင္းလ္ဖုန္းႏွင့္ QR ကုတ္ကို scan ဖတ္႐ုံျဖင့္ ႐ိုးရွင္းစြာ လုပ္ေဆာင္ႏိုင္သည္။ ေငြေပးေခ်မႈတိုင္းအတြက္ Credit သို႔မဟုတ္ Debit ကတ္ႏွင့္ QR ကုတ္ ေငြေပးေခ်မႈအက္ပလီေကးရွင္းတို႔ ခ်ိတ္ဆက္၍ လုပ္ေဆာင္ျခင္းျဖစ္သည္။ ယမန္ႏွစ္ႏွင့္ ယခုႏွစ္မ်ားတြင္ QR စနစ္ေငြေပးေခ်မႈမ်ားအေၾကာင္း သိရွိနားလည္သူအေရအတြက္မွာ တူညီၾကၿပီး QR စနစ္ ေငြေပးေခ်မႈမ်ားအသုံးျပဳရန္ စိတ္ဝင္စားသူအေရအတြက္သည္ ယမန္ႏွစ္တြင္ ၂၁ ရာခိုင္ႏႈန္းသာရွိခဲ့ေသာ္လည္း ယခုႏွစ္တြင္ ၃၃ ရာခိုင္ႏႈန္း အထိ တိုးျမႇင့္လာခဲ့သည္။

“ကြၽန္မတို႔ ျမန္မာႏိုင္ငံအတြက္ ရင္းႏွီးျမႇပ္ႏွံမႈေတြ ဆက္လက္လုပ္ေဆာင္သြားမွာပါ။ ကြၽန္မတို႔ရဲ႕ ကမာၻတစ္ဝန္း ခ်ိတ္ဆက္ ထားတဲ့ ကြန္ယက္ကို အသုံးျပဳၿပီး ေဂဟစနစ္မွာရွိတဲ့ လူတစ္ဦးတစ္ေယာက္ခ်င္းစီ အပါအဝင္၊ သုံးစြဲသူေတြကစၿပီး၊ အေသးစားႏွင့္ အႀကီးစား စီးပြားေရးလုပ္ငန္းေတြ၊ ေငြေၾကးဆိုင္ရာ အဖြဲ႕အစည္းေတြနဲ႔ အစိုးရအဖြဲ႕အစည္းေတြအထိ အက်ိဳး ျဖစ္ထြန္းေစေအာင္ ဆန္းသစ္တီထြင္ထားတဲ့ ေငြေပးေခ်မႈနည္းလမ္းသစ္ေတြကို ေဆာင္က်ဥ္းေပးသြားမွာပါ။ အလားတူ အေရးႀကီးတဲ့အခ်က္ကေတာ့ အီလက္ထေရာနစ္ေငြေပးေခ်မႈရဲ႕ ေကာင္းက်ိဳးရလဒ္ေတြကို ယူေဆာင္ လာေပးဖို႔ရာ Visa အေနနဲ႔ စီးပြားေရးမိတ္ဖက္တစ္ဦးျခင္းစီနဲ႔ ဘယ္လိုပုံေဖာ္လုပ္ေဆာင္သြားမယ္ဆိုတာပါပဲ။ ျမန္မာႏိုင္ငံရဲ႕ လူမႈအဖြဲ႕အစည္းနဲ႔ စီးပြားေရးဆိုင္ရာ ေရရွည္ဖြံ႕ၿဖိဳးတိုးတက္မႈအတြက္ ဆက္ၿပီးႀကိဳးစားကူညီေဆာင္႐ြက္သြားမွာပါ။” ဟု Lillian က နိဂုံးခ်ဳပ္ ေျပာၾကားခဲ့သည္။

သုံးစြဲသူမ်ား၏ ေငြေပးေခ်မႈဆိုင္ရာ အေလ့အထမ်ားအေၾကာင္း စစ္တမ္းသည္ ရန္ကုန္၊ မႏၲေလး၊ ပုသိမ္ႏွင့္ မေကြးၿမိဳ႕ႀကီးမ်ားရွိ လူဦးေရ ၅၀၄ ေယာက္အား ၂၀၁၈ ခုႏွစ္ စက္တင္ဘာလ တြင္ေကာက္ယူခဲ့ေသာစစ္တမ္းျဖစ္သည္။

စစ္တမ္းေကာက္ယူမႈပုံစံ။ ။ ျမန္မာႏိုင္ငံၿမိဳ႕ႀကီးမ်ားရွိ ၿမိဳ႕ေနလူထု၏ ေငြေၾကးႏွင့္ေငြေပးေခ်မႈဆိုင္ရာ အေလ့အထႏွင့္ သေဘာထားမ်ားအေၾကာင္း သိရွိနားလည္ရန္အတြက္ ဤဆန္းစစ္ေလ့လာမႈကို ရန္ကုန္၊ မႏၲေလးႏွင့္ မေကြးၿမိဳ႕ႀကီး မ်ားတြင္ လူဦးေရ ၅၀၄ ဦးႏွင့္ ေတြ႕ဆုံေမးျမန္းကာ စစ္တမ္းေကာက္ယူခဲ့ျခင္း ျဖစ္သည္။ ဤစစ္တမ္းအား စက္တင္ဘာလ ၂၀၁၈ တြင္ျပဳလုပ္ခဲ့ျခင္းျဖစ္သည္။

[Unicode]

ငွေသားကိုင်တွယ်သုံးစွဲရန်မလိုသော ငွေပေးချေမှုများကို ပိုမိုအသုံးပြုလာလိမ့်မည်ဟု မြန်မာနိုင်ငံသားများခန့်မှန်း – Visa ၏ လေ့လာဆန်းစစ်ချက်

ကမ္ဘာတစ်ဝန်း ဒစ်ဂျစ်တယ်ငွေပေးချေမှုလုပ်ငန်းနယ်ပယ်တွင် ဦးဆောင်နေသည့် Visa က “သုံးစွဲသူများ၏ ငွေပေးချေမှုဆိုင်ရာ အလေ့အထများအကြောင်း” လေ့လာဆန်းစစ်ချက် (လေ့လာဆန်းစစ်ချက်) မှ ထပ်မံတွေ့ရှိချက်များကို ထုတ်ပြန်လိုက်ပါသည်။ ယင်းလေ့လာဆန်းစစ်ချက်သည် ငွေပေးချေမှုနှင့် ထွက်ပေါ်လာသော ငွေပေးချေမှုနည်းလမ်းအသစ်များနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံသားများ၏ လက်ခံ နားလည်မှု၊ သဘောထားနှင့် အလေ့အကျင့်များအကြောင်းကို တိကျနက်နဲစွာ လေ့လာသုံးသပ်ထားသော အစီရင်ခံစာ တစ်ရပ် ဖြစ်သည်။

လေ့လာဆန်းစစ်ချက်အရ ဖြေဆိုသူ ၄၂ ရာခိုင်နှုန်းသည် ငွေသားကိုင်တွယ်သုံးစွဲရန်မလိုသော ငွေပေးချေမှုနည်းလမ်းများကို လာမည့်နှစ်အတွင်း ပိုမိုအသုံးပြုလာကြလိမ့်မည်ဟု ခန့်မှန်းကြသည်။ ငွေသားကိုင်တွယ်သုံးစွဲရန် မလိုအပ်သော ငွေပေးချေမှုနည်းလမ်းများကို အသုံးပြုလိုသည့် အဓိက အကြောင်းအရင်းများမှာ အဆင်ပြေလွယ်ကူခြင်း (၆၉ ရာခိုင်နှုန်း)၊ လုံခြုံစိတ်ချရခြင်း (၅၈ ရာခိုင်နှုန်း) နှင့် သုံးစွဲသူတို့အနေဖြင့်ငွေသားသယ်ဆောင်သွားမှု မပြုတော့ခြင်း (၅၂ ရာခိုင်နှုန်း) တို့ပင်ဖြစ်သည်။

“ငွေသားကိုင်တွယ်သုံးစွဲဖို့ မလိုအပ်ခြင်းရဲ့ ကောင်းကျိုးတွေကို မြန်မာနိုင်ငံသား သုံးစွဲသူအများအပြားက ပိုမိုနားလည် သိရှိ လာတဲ့အလျောက် အီလက်ထရောနစ်ငွေပေးချေမှုတွေကို လက်ခံအသုံးပြုလိုမှု ပိုမိုများပြားလာတာကို တွေ့ရှိရတဲ့အတွက် ကျွန်မတို့ အလွန်ပဲ စိတ်လှုပ်ရှားမိပါတယ်။ ငွေသားကိုင်တွယ်သုံးစွဲဖို့မလိုတဲ့အစီအစဉ် အထမြောက်အောင် အားပေး လုပ်ဆောင်နေတဲ့ ဘဏ္ဍာရေးဆိုင်ရာအသိုင်းအဝန်းနဲ့ အစိုးရအဖွဲ့အစည်းတွေအနေနဲ့လည်း အီလက်ထရောနစ် ငွေပေး ချေမှုတွေအပေါ် စိတ်ဝင်စားမှု ပိုမိုမြှင့်တက်လာတဲ့အချက်ကို အသိအမှတ်ပြုလာကြပါပြီ။ အခုလို ငွေသားကိုင်တွယ် သုံးစွဲခြင်းကနေ အီလက်ထရောနစ်ငွေပေးချေမှုဆီ အသွင်ပြောင်းလဲလာတာဟာ လူတိုင်းအတွက် အကျိုးအမြတ် မြောက်မြားစွာ ဖြစ်ထွန်းစေတယ်လို့ ကျွန်မတို့ ယုံကြည်ပါတယ်” ဟု Visa Myanmar ၏ Country Manager ဖြစ်သူ Lillian Wang က ပြောကြားခဲ့ပါသည်။

ဤလေ့လာဆန်းစစ်ချက်အရ ငွေသားကိုင်တွယ်သုံးစွဲရန်မလိုအပ်သည့် ငွေပေးချေမှုနည်းလမ်းများကို အများဆုံးအသုံးပြုမှု ရှိရန် ရည်ရွယ်ထားသော နေရာ ၄ ခုမှာ စူပါမားကတ်နှင့် ဟိုက်ပါမားကတ်များ (၆၆ ရာခိုင်နှုန်း)၊ ရှော့ပင်းမောလ်များ (၅၇ ရာခိုင်နှုန်း)၊ စားသောက်ဆိုင်များ (၅၂ ရာခိုင်နှုန်း) နှင့် စတိုးဆိုင်များ (၅၀ ရာခိုင်နှုန်း) တို့ ဖြစ်ကြသည်။

မြန်မာနိုင်ငံသားများသည် နိစ္စဓူဝငွေပေးချေမှုများအတွက် ငွေသားကို အဓိကထား အသုံးပြုကြသော်လည်း ငွေသားကိုင်တွယ်သုံးစွဲမှုမပြုရန် တတ်နိုင်သရွေ့ကြိုးစားခဲ့သည်ဟု ဖြေကြားခဲ့သူမှာ ယမန်နှစ်က ၇ ရာခိုင်နှုန်းသာရှိခဲ့ရာ ယခုနှစ်တွင်မူ ၂၆ ရာခိုင်နှုန်း အထိ တိုးတက်လာခဲ့သည်။ ထို့အပြင် ယမန်နှစ်ကဖြေဆိုသူ ၂၅ ရာခိုင်နှုန်းက အချိန်ကာလ တစ်လထက်ကျော်လွန်၍ ငွေသားကိုင်တွယ်သုံးစွဲမှုမပြုဘဲ နေထိုင်သွားနိုင်သည်ဟု ယုံကြည်ကြသော်လည်း ယခုနှစ်တွင်မူ ၃၆ ရာခိုင်နှုန်းက ထိုသို့ယုံကြည်နိုင်ကြောင်း ဖြေကြားခဲ့သည်။

ငွေသားကိုင်တွယ်သုံးစွဲရန် မလိုအပ်သည့် ငွေပေးချေမှုနည်းလမ်းများနှင့်စပ်လျဉ်း၍ ယမန်နှစ်တွင် ဖြေဆိုသူ ၁၃ ရာခိုင်နှုန်း ကသာ Contactless ကတ်များအကြောင်း သိရှိသည်ဟုဖြေကြားခဲ့ပြီးယခုနှစ်တွင်မူ ယင်းကဲ့သို့ ဖြေဆိုသူသည် ၂၁ ရာခိုင်နှုန်းအထိ တိုးမြှင့်လာခဲ့သည်။ ဖြေဆိုသူ ထက်ဝက်နီးပါးမျှ (၄၈ ရာခိုင်နှုန်း) သည် နေ့စဉ်ဝယ်ယူ သုံးစွဲမှုများ အတွက် ဤနည်းလမ်းဖြင့် ငွေပေးချေမှုပြုလုပ်ရန် စိတ်ဝင်စားကြသည်။Contactless ငွေပေးချေမှုကတ်များကို အသုံးပြု ရာတွင် သုံးစွဲသူများအနေဖြင့် မိမိတို့ဝယ်ယူသော ကုန်ပစ္စည်းများနှင့် သုံးစွဲသောဝန်ဆောင်မှုများအတွက် ငွေပေးချေသော စက် (Payment Terminal) တွင် ကတ်ကို ဖြတ်ရန် သို့မဟုတ် ထည့်သွင်းရန်မလိုအပ်ဘဲ ကတ်များကို စက်အနီး ထိရုံဖြင့် ငွေပေးချေမှု ပြုလုပ်နိုင်သည်။

မြန်မာနိုင်ငံသား သုံးစွဲသူများအနေနှင့် အခြားသောငွေပေးချေမှုနည်းလမ်းအသစ်များအပေါ်၌လည်း စိတ်ဝင်စားမှုရှိကြောင်း တွေ့ရှိရပါသည်။

မိုဘိုင်းလ်ဖုန်းအသုံးပြု Contactless ငွေပေးချေမှုစနစ်တွင် သုံးစွဲသူ၏ မိုဘိုင်းလ်ဖုန်းဖြင့် စတိုးဆိုင်များတွင်ရှိသော မိုဘိုင်းလ်ဖုန်းဖတ်သည့်စက် သို့မဟုတ် ငွေပေးချေမှုစက်တွင် Scan ဖတ်ရုံဖြင့် ပေးချေနိုင်သည်။ ဖြေဆိုသူ ၁၀ ဦးတွင် ၁ ဦး က (၁၀ ရာခိုင်နှုန်း) မိုဘိုင်းလ်ဖုန်းအသုံးပြု Contactless ငွေပေးချေမှုအကြောင်း နားလည်သိရှိကြပြီး၊ ထက်ဝက်နီးပါးခန့် (၄၆ ရာခိုင်နှုန်း) မှာမူ ယင်းနည်းလမ်းကို အသုံးပြုရန် စိတ်ဝင်စားကြသည်။ ဤနည်းလမ်းများကို အသုံးပြုလိုခြင်း၏ အဓိကအကြောင်းအရင်းများမှာ လွယ်ကူအဆင်ပြေခြင်း (၈၁ ရာခိုင်နှုန်း)၊ မြန်ဆန်ခြင်း (၅၀ ရာခိုင်နှုန်း) နှင့် ဈေးနည်းသည့် ပစ္စည်းများအတွက် အကြွေပေးရန် အခက်အခဲမရှိတော့ခြင်း (၃၆ ရာခိုင်နှုန်း) တို့ပင်ဖြစ်သည်။

QR စနစ်ငွေပေးချေမှုနည်းလမ်းကိုအသုံးပြု၍ ကုန်ပစ္စည်းနှင့် သုံးစွဲသောဝန်ဆောင်မှုများအတွက် ငွေပေးချေရာတွင် မိုဘိုင်းလ်ဖုန်းနှင့် QR ကုတ်ကို scan ဖတ်ရုံဖြင့် ရိုးရှင်းစွာ လုပ်ဆောင်နိုင်သည်။ ငွေပေးချေမှုတိုင်းအတွက် Credit သို့မဟုတ် Debit ကတ်နှင့် QR ကုတ် ငွေပေးချေမှုအက်ပလီကေးရှင်းတို့ ချိတ်ဆက်၍ လုပ်ဆောင်ခြင်းဖြစ်သည်။ ယမန်နှစ်နှင့် ယခုနှစ်များတွင် QR စနစ်ငွေပေးချေမှုများအကြောင်း သိရှိနားလည်သူအရေအတွက်မှာ တူညီကြပြီး QR စနစ် ငွေပေးချေမှုများအသုံးပြုရန် စိတ်ဝင်စားသူအရေအတွက်သည် ယမန်နှစ်တွင် ၂၁ ရာခိုင်နှုန်းသာရှိခဲ့သော်လည်း ယခုနှစ်တွင် ၃၃ ရာခိုင်နှုန်း အထိ တိုးမြှင့်လာခဲ့သည်။

“ကျွန်မတို့ မြန်မာနိုင်ငံအတွက် ရင်းနှီးမြှပ်နှံမှုတွေ ဆက်လက်လုပ်ဆောင်သွားမှာပါ။ ကျွန်မတို့ရဲ့ ကမ္ဘာတစ်ဝန်း ချိတ်ဆက် ထားတဲ့ ကွန်ယက်ကို အသုံးပြုပြီး ဂေဟစနစ်မှာရှိတဲ့ လူတစ်ဦးတစ်ယောက်ချင်းစီ အပါအဝင်၊ သုံးစွဲသူတွေကစပြီး၊ အသေးစားနှင့် အကြီးစား စီးပွားရေးလုပ်ငန်းတွေ၊ ငွေကြေးဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ အစိုးရအဖွဲ့အစည်းတွေအထိ အကျိုး ဖြစ်ထွန်းစေအောင် ဆန်းသစ်တီထွင်ထားတဲ့ ငွေပေးချေမှုနည်းလမ်းသစ်တွေကို ဆောင်ကျဉ်းပေးသွားမှာပါ။ အလားတူ အရေးကြီးတဲ့အချက်ကတော့ အီလက်ထရောနစ်ငွေပေးချေမှုရဲ့ ကောင်းကျိုးရလဒ်တွေကို ယူဆောင် လာပေးဖို့ရာ Visa အနေနဲ့ စီးပွားရေးမိတ်ဖက်တစ်ဦးခြင်းစီနဲ့ ဘယ်လိုပုံဖော်လုပ်ဆောင်သွားမယ်ဆိုတာပါပဲ။ မြန်မာနိုင်ငံရဲ့ လူမှုအဖွဲ့အစည်းနဲ့ စီးပွားရေးဆိုင်ရာ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် ဆက်ပြီးကြိုးစားကူညီဆောင်ရွက်သွားမှာပါ။” ဟု Lillian က နိဂုံးချုပ် ပြောကြားခဲ့သည်။

သုံးစွဲသူများ၏ ငွေပေးချေမှုဆိုင်ရာ အလေ့အထများအကြောင်း စစ်တမ်းသည် ရန်ကုန်၊ မန္တလေး၊ ပုသိမ်နှင့် မကွေးမြို့ကြီးများရှိ လူဦးရေ ၅၀၄ ယောက်အား ၂၀၁၈ ခုနှစ် စက်တင်ဘာလ တွင်ကောက်ယူခဲ့သောစစ်တမ်းဖြစ်သည်။

စစ်တမ်းကောက်ယူမှုပုံစံ။ ။ မြန်မာနိုင်ငံမြို့ကြီးများရှိ မြို့နေလူထု၏ ငွေကြေးနှင့်ငွေပေးချေမှုဆိုင်ရာ အလေ့အထနှင့် သဘောထားများအကြောင်း သိရှိနားလည်ရန်အတွက် ဤဆန်းစစ်လေ့လာမှုကို ရန်ကုန်၊ မန္တလေးနှင့် မကွေးမြို့ကြီး များတွင် လူဦးရေ ၅၀၄ ဦးနှင့် တွေ့ဆုံမေးမြန်းကာ စစ်တမ်းကောက်ယူခဲ့ခြင်း ဖြစ်သည်။ ဤစစ်တမ်းအား စက်တင်ဘာလ ၂၀၁၈ တွင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။