လက်ရှိစမတ်ဖုန်းတွေဟာ များသောအားဖြင့် Sony Camera Sensor တွေကိုပဲ အသုံးပြုနေတာဖြစ်ပြီး Mid Range ဖုန်းတချို့မှာတော့ OmniVision Camera Sensor တွေကို အသုံးပြုတာကို တွေ့ရပါတယ်။ ဒါပေမယ့်လည်း စမတ်ဖုန်းကုမ္ပဏီတွေက ကိုယ်ပိုင် Camera Sensor တွေကို ထုတ်လုပ်တာကတော့ ရှားပါးနေပါသေးတယ်။

လောလောဆယ်မှာ Samsung နဲ့ Huawei တို့ကတော့ ကိုယ်ပိုင် Camera Sensor တွေကို ထုတ်လုပ်နေကြပြီးတော့ အခုလည်း Vivo ကနေ RGBW Camera Sensor အသစ်ကို မိတ်ဆက်လိုက်ပါပြီ။ Vivo ရဲ့ ပြောကြားချက်အရတော့ ယခင်နှစ်တွေကတည်းက အခုလိုမျိုး Camera Sensor အသစ်အတွက် ဆောင်ရွက်နေတာဖြစ်တယ်လို့ သိရပါတယ်။

Vivo ကနေ မိတ်ဆက်လိုက်တဲ့ Camera Sensor အသစ်ဟာ ပုံမှန် Sensor တွေနဲ့ မတူညီတဲ့ RGBW Color Filter Array ကို အခြေခံထားတာဖြစ်ပြီး ပုံမှန် RGGB Camera Sensor တွေထက် အလင်းဝင်နှုန်း ၂ ဆပိုကောင်းတယ်လို့ သိရပါတယ်။ ဒါတင်မဟုတ်သေးဘဲ Huawei စမတ်ဖုန်းတွေမှာ အသုံးပြုနေတဲ့ RYYB Sensor ထက်လည်း အလင်းဝင်နှုန်း ၆၀ ရာခိုင်နှုန်းခန့်ပိုကောင်းပြီးတော့ Color Casting Issue တွေလည်း ရှိမှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

Vivo ရဲ့ ပြောကြားချက်အရတော့ ယခု RGBW Camera Sensor အသစ်ကို အသုံးပြုထားတဲ့စမတ်ဖုန်းတွေကို လာမယ့်နှစ်မှာ တရားဝင်မိတ်ဆက်သွားဖို့ရှိနေတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း တခြားသော စမတ်ဖုန်းကုမ္ပဏီတွေအတွက်ပါ အဆိုပါ Camera Sensor တွေကို ရောင်းချသွားမလားဆိုတာကိုတော့ အတည်ပြုပေးခဲ့ခြင်းမရှိပါဘူး။

Ref – GSM Arena