vivo ဟာ ဖုန်း ၁ လုံးထဲကို အမည်အမျိုးမျိုးနဲ့ ရောင်းချလေ့ရှိပါတယ်။ အခုလည်း Dimensity 6300 ပါတဲ့ iQOO Z9 Lite ကို ကြေညာလိုက်ပြီး vivo T3 Lite , vivo Y28s တို့နဲ့ လုံးဝ တူညီပါတယ်။

vivo iQOO Z9 Lite မှာ 6.56” LCD 90Hz HD+ Display တပ်ဆင်ထားပါတယ်။ အရွယ်သေး Notch မှာ 8MP ဆဲလ်ဖီး ကင်မရာနဲ့ အနောက်ဘက်မှာ 50MP Main (PDAF) နဲ့ 2MP Depth ကင်မရာ တပ်ဆင်ထားပါတယ်။

Android 14 အခြေပြု Funtouch 14 မောင်းနှင်ထားပြီး 15W Wired Charging ထောက်ပံ့တဲ့ 5,000mAh Battery ပါလာပါတယ်။

iQOO Z9 Lite အတွက် Aqua Flow နဲ့ Mocha Brown အရောင်တွေ ထုတ်လုပ်ထားပြီး 126GB Storage နဲ့ 4GB or 6GB RAM ထည့်သွင်းထားပါတယ်။ ဈေးနှုန်းက vivo T3 Lite နဲ့ တူညီပြီး ၁၂၅ ဒေါ်လာနဲ့ ၁၄၀ ဒေါ်လာ အသီးသီး သတ်မှတ်ထားပါတယ်။

အိန္ဒိယမှာ ဇူလိုင်လ ၂၀ ရက်နေ့ စတင် ရောင်းချမှာ ဖြစ်ပြီး Amazon India နဲ့ iQOO India Online Store ကနေ ဝယ်ယူနိုင်ပါတယ်။

Ref : gsmarena