vivo သည် ၎င်း၏ Y စီးရီးတွင် အသစ်ပါဝင်လာသည့် Y27s အား ထုတ်လုပ်ရောင်းချပြီး ကမ္ဘာ့အဆင့်အတန်းမှီ နည်းပညာအရည်အသွေးကိုချပြလိုက်သည်။ ၎င်းတွင် ရင်သပ်ရှုမောဖွယ် ဒီဇိုင်း၊ အံ့ဩဖွယ်ရာ စွမ်းဆောင်ရည်နှင့် ခေတ်မီ သာလွန်သော ကင်မရာအရည်အသွေးတို့ ပေါင်းစပ်ပါဝင်သဖြင့် စမတ်ဖုန်း နယ်ပယ်အထွတ်အထိပ် တွင်ရပ်တည်နေသည်။

Y27s သည် သုံးစွဲသူများအား ပြိုင်ဘက်ကင်းသော အတွေအကြုံကို ပေးစွမ်းနိုင်ပြီး သေသပ်လှပသော ဒီဇိုင်းနှင့် ချောမွေ့ မြန်ဆန်သော လုပ်ဆောင် နိုင်စွမ်းတို့ တွဲဘက်ညီစွာ ပေါင်းစပ် ပါဝင်သည်။ စွဲမက်ဖွယ် လှပသော ၎င်းစမတ်ဖုန်းသည် ဒီဇိုင်းပိုင်းအဆင့်မြင့် လှပမှု၊ အရောင်အသွေး စုံလင်မှုနှင့် လွန်စွာ ပါးလွှာသော ကိုယ်ထည်တို့ဖြင့် ကျက်သရေရှိ လှပမှုကို ဖော်ဆောင်ထားသည်။ သုံးစွဲသူများသည် ၎င်းစမတ်ဖုန်းအား ၁၅ ရက်၊ ဇန်နဝါရီလ မှစတင်ကာ အမြို့မြို့အနယ်နယ်ရှိ ဆိုင်များနှင့် အွန်လိုင်း ပလတ်ဖောင်းတို့တွင် ဝယ်ယူရရှိနိုင်ပြီဖြစ်ပါသည်။

vivo Y27s သည် အဆင့်မြင့်နည်းပညာအား အရည်အသွေးမြင့်မားသော ဒီဇိုင်း တို့ဖြင့် ပေါင်းစပ်ထားသည့် အတွက် သူမတူ ထူးခြားသော စမတ်ဖုန်းဖြစ်သည်။ နှစ်သက်ရာရွေးချယ်နိုင်စေရန် Burgundy Black နှင့် Garden Green အရောင်တို့ဖြင့်ရရှိနိုင်ပြီး အစိမ်းရောင်စိန်ကဲ့သို့လှပအောင် တန်ဆာဆင် ဖန်တီးထားသည့်အပြင် သေသပ်လှပသော အသွင်အပြင်၊ တောက်ပြောင်သော အရောင်အသွေးတို့ဖြင့် လူအများကြားတွင် ထင်ပေါ်‌စေသည်။

2.5D Flat Frame နှင့် Ultra Slim Design တို့ ပေါင်းစပ် ပါဝင်သဖြင့် Y27s သည်နေ့စဉ်လုပ်ဆောင်မှုများတွင် အသုံးဝင်စေရုံသာမက စိတ်ကျေနပ် သက်သာစေသော ဒီဇိုင်းဖြင့် ဖန်တီး ထားသည်။ ဖုန်းအား ergonomically တည်ဆောက် ထားသောကြောင့် ၎င်းအား ကိုင်တွယ်ရာတွင် သက်တောင့် သက်သာရှိသော ခံစားချက် ရရှိနိုင်သည်။

Side-Mounted Fingerprint Scanner ဖြင့် အဆင့်မြင့်စွာ တည်ဆောက် ထားသဖြင့် ထိတွေ့မှု တိုင်းအား သက်တောင့် သက်သာရှိပြီး လုံခြုံမှုကို ပေးစွမ်းနိုင်သည်။ သုံးစွဲသူများအား လွယ်ကူ‌ အဆင်ပြေစွာ သုံးစွဲနိုင်ရန် အတွက်အလိုအလျောက် သိရှိနိုင်သော နောက်ဆုံးပေါ် လုံခြုံရေးနည်းပညာ ပါရှိသည့်အတွက် စိတ်အေးချမ်း သက်သာစွာ သုံးစွဲနိုင်သည်။

vivo ၏ CEO ဖြစ်သူ Mr. Nelson Ni က “vivo ရဲ့ Y စီးရီးဟာ ပြောင်းလဲနေတဲ့ သုံးစွဲသူများရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့အတွက် မဆုတ်မနစ်တဲ့ နည်းပညာဆန်းသစ်တီထွင်မှုနဲ့ ရှေ့ဆက်နေပါတယ်။ Y27s ဟာ ဆွဲဆောင်မှုရှိပြီးလှပတဲ့ ဒီဇိုင်းတွေနဲ့ ရင်သက်ရှုမောဖွယ်ရာ ပုံရိပ်တွေဖန်တီးနိုင်စွမ်းတို့ကို ပေါင်းစပ်ထားတဲ့ သက်သေတစ်ခုပဲဖြစ်ပါတယ်။

အခု Y27s ကို စတင်ထုတ်လုပ်မှုဟာ သူမတူတဲ့ သုံးစွဲသူအတွေ့အကြုံနဲ့ လှပတဲ့အခိုက်အတန့်တွေကို အလွယ်တကူ ရိုက်ကူး ပုံဖော်နိုင်ပါတယ်။ စွမ်းဆောင်ရည် မြှင့်တင်ဖို့ ကတိပြုထားတဲ့အတိုင်း vivo ဟာအသုံးပြုသူ တွေရဲ့ အစဉ်အမြဲပြောင်းလဲနေတဲ့ လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးဖို့အတွက် ခေတ်မီဆန်းသစ်တဲ့ နည်းပညာနဲ့ ပုံဖော်လုပ်ဆောင်နေပါတယ်” ဟု ပြောကြားခဲ့ပါသည်။

90 Hz refresh rate သည် ချောမွေ့သော အကူးအပြောင်းလုပ်ဆောင်မှုများ နှင့် display အတွေ့အကြုံကို ပေးစွမ်းသည်။ Y27s တွင် စွဲမက်ဖွယ်ကောင်းသော 5000 mAh Battery ပါရှိသည့်အပြင် အချိန်တိုအတွင်း အားသွင်းနိုင်ပြီး မကြာခဏ အားပြန်သွင်းခြင်းကို ဖယ်ရှားပေးထားပါသည်။ 44W FlashCharge နည်းပညာဖြင့် အားသွင်းနိုင်ပြီး ၎င်းတွင် သုံးစွဲသူများအား အနှောင့်အယှက်မရှိဘဲ အလုပ်များကို ပိုမိုပြီးမြောက်စေကာ ထိရောက်သော မိုဘိုင်းအတွေ့အကြုံကို ရရှိစေမည့် စွမ်းရည်မြင့် ဘက်ထရီပါရှိသည်။

၎င်းအပြင် 8 GB + 8 GB Extended RAM ပါရှိသောကြောင့် အနှောက်အယှက်ကင်းမဲ့စွာဖြင့် သုံးစွဲနိုင်ပြီး 128 GB ROM ပါဝင်မှုက သုံးစွဲသူများအား ဖိုင်နှင့် အချက်အလက်များကို စိတ်နှစ်သက်ဖွယ် သုံးစွဲနိုင်ပါသည်။ vivo Y27s တွင် ချောမွေ့ ထိရောက်မှုရှိပြီး စွမ်းဆောင်ရည် မြင့်မားကြံ့ခိုင်သည့် Qualcomm Snapdragon® 680 ပရိုဆက်ဆာဖြင့်ထည့်သွင်းအသုံးပြုထားပါသည်။ ပရိုဆက်ဆာသည် စမတ်ဖုန်းတစ်ခုလုံး၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးပြီး သုံးစွဲသူများအကြိုက် ပါဝါနှင့် မြန်နှုန်းရရှိစေသည့်အတွက် အကောင်းဆုံးရွေးချယ်ဖွယ်ရာ တစ်ခု ဖြစ်လာပါသည်။

vivo Y27s တွင်ပါဝင်သော အဆင့်မြင့် ကင်မရာ ဒီဇိုင်းသည် ၎င်း၏ ဓါတ်ပုံရိုက် နည်းပညာအား အဆင့်မြင့် စေပါသည်။ 50 MP HD Main Camera သည် ပြိုင်ဘက်ကင်း ကြည်လင် တောင်ပသော ရုပ်ပုံများကိုရိုက်ကူးရရှိနိုင်စေပြီး 2 MP Bokeh Camera ပါရှိမှုက ရင်သက်ရှုမောဖွယ်ရာ ပုံရိပ်များအား depth-of-fields effects ဖြင့်ရယူရိုက်ကူးနိုင်ပါသည်။

၎င်းတို့အပြင် စမတ်ဖုန်းတွင် Stylish Portrait, Bokeh Flare Portrait နှင့် Double Exposure features တို့ ထူးခြားစွာပါဝင်ပါသည်။ ကင်မရာအား ကျွမ်းကျင်စွာ ရိုက်ကူးတတ်သည်ဖြစ်စေ မရိုက်တတ်သည်ဖြစ်စေ သာလွန်ကောင်းမွန်သော ပုံထွက်အရည်အသွေးများကို ပေးစွမ်းနိုင်ပါသည်။

Y27s သည် အဆင့်မြင့်လှပမှုနှင့် လက်တွေ့အသုံးဝင်လုပ်ဆောင်နိုင်မှုတို့ကိုပေါင်းစပ်ထားသည့် အတွက် ယခုနှစ်သစ်တွင် အကောင်းမွန်ဆုံးရွေးချယ်ဖွယ်ရာ စမတ်ဖုန်းတစ်ခုဖြစ်လာစေသည်။ vivo သည် ကမ္ဘာတစ်ဝှမ်းမှ သုံးစွဲသူများ၏ သဘောကျနှစ်သက်မှုကို ရယူနိုင်စေဖို့ရန် အလှိ့ငှာ နည်းပညာ နယ်ပယ်စွန့်ဦးတီထွင်မှုများ၊ အရည်အသွေးမြင့်တီထွင်ဖန်တီမှုများ၊ ဒီဇိုင်းကျလှပမှုအား ခေတ်ရှေ့ပြေးပုံဖော်မှုများကို စဥ်ဆက်မပြတ် ကြိုးစားဆောင်ရွက်လျက်ရှိသည်။

vivo Y27s အား ၆၂၉၈၀၀ ကျပ်ဖြင့် ရောင်းချသွားမည်ဖြစ်ပြီး ဝယ်ယူသူများအနေဖြင့် vivo မှ မေတ္တာလက်ဆောင်အနေဖြင့် ကျောပိုးအိတ် လက်ဆောင်ပေးသွားမည် ဖြစ်ပါသည်။

Media release: vivo