vivo အရောင်းပြခန်းအသစ်ဖွင့်ပွဲနှင့်အတူ vivo ပရိသတ်များ စုစည်းသည့်ပွဲကို မေလ ၇ ရက်နေ့ မြေနီကုန်းတွင် ပူးပေါင်းကျင်းပခဲ့
စျေးကွက်ရှေ့ဆောင် နည်းပညာ အမှတ်တံဆိပ်တစ်ခုဖြစ်သည့် vivo သည် မေလ ၇ ရက်နေ့တွင် မြေနီကုန်းအရောင်းပြခန်းအသစ်ဖွင့်ပွဲကို vivo Mobile Myanmar မှ တာဝန်ရှိလူကြီးမင်းများ၊ Online partners များ၊ vivo Fan များနှင့်အတူ ဖွင့်လှစ်ခဲ့ပါသည်။ အခမ်းအနားစတင်ဖွင့်လှစ်ပြီးနောက် vivo Fan များမှ နောက်ဆုံးထွက် V23 series အကြောင်း အတွေ့အကြုံမျှဝေခြင်း၊ အပြန်အလှန် ရင်းရင်းနှီးနှီးဂိမ်းများ ကစားခြင်း၊ vivo Myanmar မှ ပွဲတက်လာသည့် vivo Fan များနှင့်အတူ အမှတ်တရဓာတ်ပုံတွေရိုက်ကူးကာ ဆုလက်ဆောင်တွေ ပေးအပ်ပြီး အခမ်းအနားအား ပြီးမြောက်အောင်မြင်ခဲ့ပါသည်။ မြေနီကုန်းအရောင်းပြခန်း အသစ်ဖွင့်ပွဲ အခမ်းအနား သည် vivo အား အဆက်မပြတ်အားပေးခဲ့သော customer များ အားကျေးဇူးတုံပြန်သောအနေနှင့် Fan-gathering ပွဲအဖြစ်လည်း ရည်ရွယ်ကျင်းပခဲ့ပါသည်။
“ကျွန်မ ဆယ်လ်ဖီရိုက်ရတာကို နှစ်သက်တဲ့အတွက် V23 5G ကင်မရာ Features တွေကြောင့် အခုဆို ကျွန်မ selfie တွေကို edit ဖို့ တခြား App ကို သုံးစရာမလိုတော့တဲ့အတွက် တကယ်ကို အဆင်ပြေပါတယ်။ ကင်မရာ Autofocus နှင့် AI HD Portrait features တွေကိုလည်း သဘောကျမိတယ် ။ Wide-Angle ရှေ့ကင်မရာကို မိသားစုနဲ့ သူငယ်ချင်းတွေဆုံတဲ့အခါတိုင်း အမြဲအသုံးပြုဖြစ်တယ်” ဟု V23 5G Sunshine Gold ကိုင်ဆောင်ထားတဲ့ vivo Fan တယောက် မှ မျှဝေပေးခဲ့ပါတယ်။
“vivo အတွက် customers များသည် အရေးကြီးဆုံးသော အစိတ်အပိုင်းများထဲမှ တစ်ခုဖြစ်သည့်အတွက် vivo Fan တွေရဲ့ ပံ့ပိုးမှုကို ပြန်လည်ပေးဆပ်ရန်နှင့် ဆန်းသစ်သောထုတ်ကုန်များ ပေးအပ်ရန် အခွင့်အလမ်းများကို အမြဲရှာဖွေနေခြင်းဖြစ်သည်။” ဟု vivo Myanmar ၏ CEO Mr. Nelson Ni မှ ပြောကြားခဲ့သည်။
vivo သည် သုံးစွဲသူများထံ အဆန်းသစ်ဆုံးနှင့် သုံးစွဲသူဦးတည်သော ထုတ်ကုန်များကို ပေးအပ်ရန် အမြဲကြိုးစားနေပြီး တစ်ချိန်တည်းတွင် သုံးစွဲသူများ၏ ပံ့ပိုးမှုများကို ပြန်လည်ကျေးဇူးတုံပြန်နိုင်ရန်လည်း အားစိုက်နေပါသည်။ အခုလို fan gathering နှင့် အရောင်းပြခန်းဖွင့်ပွဲအခမ်းအနားမှတစ်ဆင့် vivo နှင့် ပရိသတ်များကြား ပိုမိုခင်မင်ရင်းနီးလာသည် ဟု ယုံကြည်ပြီး အဆိုပါပွဲသည် vivo နှင့် vivo Fan များအတွက် ကောင်းမွန်သောအကျိုးသက်ရောက်မှုကို ဖော်ဆောင်ပေးခဲ့ပါသည်။
“vivo ထံမှ ဖိတ်ခေါ်မှုကို ရလို့ တကယ်ကို ဝမ်းသာပီတိဖြစ်ပြီး vivo ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ရခြင်းအတွက် တကယ်ကို ဂုဏ်ယူမိပါတယ်။ vivo ကနေ မကြာခင် လာမည့်ထုတ်ကုန်သစ်များကိုလည်း စောင့်မျှော်နေပါတယ်။” ဟု vivo Fan တစ်ဦးမှ ပြောကြားခဲ့သည်။
Press Release – vivo